အခန်း (၁)
ဟေး.. ဟေး... !
ပုဇဉ်း အောင်သံအလား.. စူးဝါးသော အသံများကြောင့် ကျနော် အိမ်မက် ကမ္ဘာမှ နိုးထလာပါသည်
ဆူညံပွတ်လော ရိုက်နေသော အိမ်ရှေ့မှ အသံသည် ကျနော့၏ မသိစိတ်၌ စချင် နှောက်ချင်စိတ် တို့သည်
တစ်ဝုန်းဝုန်း.......။
“ မထသေးဘူးလား... ဘုရားကျောင်းသွားချိန် တောင် ရောက်တော့မယ်......“
ကျနော် တစ်ချက် သန်းဝေရင်း မျက်ချေးများကို သုတ်ကာ မျက်နှာသစ်စင်သို့ ရောက်လာပါသည်။
ခြေလက်ဆေးကြော၍ ဆရာမ ဟန်ပန်ဖြင့် အိမ်ရှေ့ မာဆလာပင် အောက်ခုံတွင် ထိုင်နေသော သူငယ်ချင်းမလေး ကေသီ၏ ဆံပင်ကို နောက်ကျောမှ ဆွဲကာ.
“ အဲလောက်တောင် အော်စရာလား... နင်အဲလောက်အော်ချင်ရင် လမ်းဆုံမှာ သွားအော်ပါလားဟဲ့ “
“ အောင်မာ.. လွှတ်နော်.. ပြောပြီ “
“ မလွှတ်နိုင်ဘူး.. နင်ဘာဖြစ်ချင်လဲ“
“ ဖြစ်ချင်တယ်ဟေ့ .. ဖြစ်ချင်တယ်ဟေ့.. “ အော်သံနှင့်အတူ ဓမ္မသီချင်းစာအုပ်ကို ဘေးတွင် ချလျက်ကြမ်းပါလေရော..
“ ဟေ့ဟေ့... အော် ဖြစ်ကြပြန်ပြီ... အ၀တ်တွေတော့ ပေကုန်တော့မယ်... သွားကြသွားကြ... ဆန်းဒေးစကူးဆရာရောက်နေပြီ...“
အမေ့အသံကြောင့် သူမနှင့် ရန်ဖြစ်ခြင်းကို ရပ်လိုက်ပါသည်။ သူမ၏ မျက်နှာတွင်တော့ ကျနော့အား မကျေနပ်သည့် အသွင်ပါ.. ဟင်းဟင်း ရယ်လိုက်ချင်ရဲ့..။
အခန်း (၂)
အမေ ကေသီမလာဘူးလား..။ စနေနေ့ပါ..။
ကျောင်းပိတ်သည့်နေ့ များဆို ကေသီအမြဲလာလည်နေကျ။
“ မလာဘူးသားရယ်..“
မလာဘူးတဲ့ ။ ကျနော် တင်းသွားပါသည်။ တွေ့မယ် လာတောင် မလာလည်ချင်တဲ့ ကောင်မ။
တစ်ကယ်တော့ ကေသီတို့ အိမ်သည် အတန်ငယ် ဝေးပါသည်။ ဒေါသစိတ်ကြောင့်ထင့်. မကြာလိုက် သူမ၏ မောင်ငယ် အမွှာပူးကို ထိန်းလျက် နေသော ကေသီ။
ကျနော် ခြံဝတွင် ရပ်လိုက်ကာ ခေါင်းကို ပင့်လိုက်ပါသည်။
“ ကေသီပန် ... ကေသီပန်... ကေသီပန် ရောင်းတယ်ဟေ့...
တစ်ထုပ် ငါးကျပ်.... သုံးထုပ် တစ်ဆယ်... ဟိုက အဒေါ်ကြီး.. ကလေးမအေကြီး ၀ယ်အုံးမလား “
ကျနော့ အော်သံကြောင့် သူမ တစ်ချက်လှည့်ကြည့်လာပါသည်..။ ဖြူဖွေးသော သူမ မျက်နှာသည် တစ်ဖြေးဖြေးပြုံးလာကာ နီရဲ လာပါသည်။
ပြန် အပြုံးမပျက်ခင် အထာကျနေသော ကျနော့ ခြေထောက်များ ပြေးရန်အသင့်..။
“ ကျား........ “
အော်သံနှင့် အတူ နီးရာ တုတ် ၊ ဓါး ဆွဲလျက် အတင်းလိုက်ရိုက်တတ်မှုကို ကွေ့ကာ လှိမ့်ကာနှင့် ကျနော်တို့၏ ရန်ပွဲငယ်လေးသည် လောက၏ အလှတစ်ပါးပေလား..။
မိန်းမတန်မဲ့ ဒေါသကြီးလှသော သူငယ်ချင်းမလေးအား ကျနော်ကြာကြာ မပြေးနိုင်ပါ..။ သူမကို ပွေ့ ဖက်ကာ တွန်းထိုး၍ သူမ မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားချင်ပါသေးသည်။
ကျနော် ရပ်လိုက်ပါသည်။
ဖြောင်းခနဲ့ ရိုက်ချက်ကို လက်တံတောင်ဖြင့် ရိုက်ခံလိုက်ရင်း သူမ လက်နှစ်ဖက်ကို လက်ကောက်ဝတ်မှ ချုပ်ကိုင်လိုက်ပါသည်။ မရသေး.. သူမ၏ ခြေထောက်ပိုင်းကား
ကျနော့ကို ကန်ကျောက်နေဆဲ...။
ခြေထောက်ကို ခွေပေးလိုက်ကာ သူမကို မြေပေါ် လှဲချလိုက်ပြီး အပေါ်မှ ခွထိုင်ထားလိုက်ပါသည်။။။ သူမကားရုန်းကန်ဆဲပါ။
“ ဟား..ဟား.... ငါက ယောင်္ကျားကွ.. နင့်ကို ဆယ်ယောက်တောင်မှ အကျောပေးတယ်ကွ...“
“ နင်.. နင်... တွေ့မယ်.. တွေ့မယ်... “
“ တွေ့ တွေ့.. မကြောက်ဘူးဟေ့ “
အော်... အတိတ်ဟူသည် လွှမ်းဆွတ်မှုနှင့် တမ်းတမှု တစ်ခုပါဘဲလားကွယ်....
သူငယ်ချင်း ကေသီရယ်... တို့နှစ်ယောက်ရဲ့ ငယ်ငယ်တုန်းက ဘ၀တွေဟာ အပြစ်ကင်းလိုက်တာနော်..
ငါ့ဘ၀မှာ သူငယ်ချင်း မိန်းခလေးဆိုတာ နင်တစ်ယောက်ထဲ ရှိခဲ့တာပါ... နောက်ထပ်လည်း မရှိနိုင်ပါဘူး... တို့တွေ အပျို လူပျိုတွေ ၀င်လာတော့ ပတ်ဝန်းကျင်က ချစ်သူ စုံတွဲတွေတဲ့..။
ဒါပေမဲ့ တို့နှစ်ယောက် ဂရုမစိုက်ခဲ့..။ ဖြူစင်စွာ လက်တွဲခဲ့ကြတယ်နော်.... တို့အိမ်က နင့်အိမ်လို ဖြစ်ခဲ့တယ်နော်....။
နင့်ရဲ့ ဟင်းလက်ရာကို အမေတော် သဘောကျနေလေရဲ့။. ငါ့အိမ်က နင့်ကို ချွေးမလို့ စနောက်ခဲ့သလို.. နင်လည်း ယောက္ခမလို့ စနောက်ခဲ့တာတွေ ပြန်တွေးရင်း တမ်းတမိတယ်...။
သူငယ်ချင်း ကေသီရယ်.... နင်နဲ့ ငါ့ကြားမှာ အမှတ်တရတွေ သိပ်များလှနေပြီ..။ ဘယ်တော့မှ မေ့မရတော့ဘူး..။ နင် ထိုင်းသွားတော့မယ် ကြားတော့ နင်နဲ့ တို့စကားတောင် မပြောနိုင်ကြတော့ဘူး။
ဒီလိုနဲ့ ရက် လ နှစ်တွေ ကုန်ဆုံး နင့်ရဲ့ အောင်မြင်နေတဲ့ ဘ၀ တစ်စွန်းတစ်စဟာ တို့အတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရပါတယ်..။
သူငယ်ချင်းရယ်..... ကံဆုံရင် ပြန်ဆုံချင်ပါတယ်...
ဖြစ်နိုင်ရင် ကလေးဘ၀ကို ပြန်သွားချင်တယ်...
အဖြူရောင် ခြယ်တဲ့ ပုံရိပ်တွေ
အောက်က ကဗျာလေးဟာ အဲဒိချိန်က သူမနဲ့ ကျနော့အကြောင်းကို စပ်ထားတဲ့ ကဗျာပါ.... ၂၀၀၄ ခုနှစ်လောက်က ဖြစ်လောက်တယ်... အလွတ်ရနေသေးလို့ ရေးချလိုက်ပါတယ်...
ငှက်နှစ်ကောင် တီတီတာ
ပျော်မြူးနေကြလေ
ပေါင်းမိ စည်းမိ ရန်ငြိုးမီး
ရန်ငြိုးမီးပြယ် အလွှမ်းမျှော်
သူ ငါ တစ်ခါ ကုန်းချောလို့
ရန်ငြိုး နတ္တိ အချစ်စမ်း ရန်ပွဲ
စိတ်ဆိုးစရာ အကွက်
ထမင်းထုပ်နဲ့ လည်ရှာစမ်းန
တွေ့မယ်ဟေ့ ဗလာကြီး
မာယာချောင်းကြီး ဘယ်စီးသွားလဲ
ကြည်ပြာလမင်း ဘာကြောင့်သာ
အပျိုစင်ငှက် က ဖြူစင်ချစ်တဲ့.................။
( မလေးရှားမှာ ရောက်နေတဲ့ ကြက်တူရွေးမ သူငယ်ချင်းကေသီရယ်..... ကျနော်တော့ တင်လိုက်ပြီနော်... တင်စရာ ပို့ ရှာမရသေးတာနဲ့ လုပ်လိုက်တာ...
မကြေနပ်ရင် ကျောင်းကို လာခဲ့... ချဲမယ်.... စတာပါ.. ဆုတောင်းကူနေပါတယ်.. ယောင်္ကျားမြန်မြန်ရပါစေလို့.. အောက်မှာ သူငယ်ချင်းအတွက် အထူးဓါတ်ပုံတစ်ပုံ တင်ပေးလိုက်တယ်.. )
No comments:
Post a Comment