အခန်းရှေ့ က သစ်ရွက်ကြွေသံ
ငါ့ရင်ဝယ်ခံစား
ချစ်သူခြေသံအလား
လွမ်းစိတ်တွေ သဲသဲလှုပ်
တမ်းတနေမိပြီ ညီမလေးရယ်..................။
စားပွဲပေါ်က ဟန်းဖုန်းငယ်
အာရုံဝယ်တွေးပြန်တော့
ချစ်သူရယ်.. အားငယ်လေမလား
စာနာစိတ်တွေဟာ တားမရ
ဖုန်းဆက်နေမိပြီ.................။
ည.......... ညနက်ကယ် ရောက်ပါတော့
မျိုးကြီး ဇော်ပိုင် ထပ်မကြားချင်တော့ဘူး
ဗလောင်ဆူနေတဲ့ ရင်ခွင်
ချောက်ကပ်နေတဲ့ နှုတ်ခမ်း
အေးစက်နေတဲ့ ပါးပြင်
တီတာတာ ချိုစကားသံ
လိုအပ်မှု ကြီး တွေ
အမြန်ပြန်လာပါတော့. ညီမလေးရယ်............။
No comments:
Post a Comment