အချစ်ဦး......
အတိတ်ပုံရိပ်
ဟိုးရင်ခါကို
ပြန်ပြောင်းတွေးတော
မြင်ယောင်မိသော်
ပူတာအိုမှ
ပြောင်းလာခါစ
ရ၀မ်လီဆူး ကပြားမလေး ချစ်သူ D ကို
မြင်မြင်ခြင်းပြင်
ချစ်စိတ်ဝင်၍
နတ်သမီးလေလား
ထင်မှတ်မှားခဲ့
တစ်ခါမြင်ရုံ
ရင်ခုန်မိ၍
တမ်းတစွဲလမ်း
စိတ်မောပန်းမိ
ချစ်စိတ်တွေကို
ဘယ်လိုလုပ်လို့
ဖော်ထုတ်ပြောမယ် ကိုယ်ကြံရွယ်ခဲ့
သို့ပေသော်ငြား ချစ်စကားတွေ
လှိုင်လှိုင်ဝေအောင် ပုံဆောင်ပြောချင်
ရဲဆေးတင်လည်း
ပြောမထွက်သာ
ဒါကြောင့်ပေါ့ကွယ်..............
ရဲနီနီ ပန်းနှင်းဆီကို
ချစ်သူ D ထံ ကြားလူထား၍
ရောက်အောင်ပေးပို့ ချစ်သူဖို့ပါ
ကိုယ့်အတွက်မှာတော့..
ပန်းပန်ကြွကြွ D ရဲ့ အလှကို
ကြည့်မ၀နိုင်ခဲ့.....
ဒီလိုနဲ့ အချိန်တွေပြောင်း
တစ်နှစ်အကြာ ကြောင်းထွေလာကို
ချစ်သူ D ထံ ဖွင့်ပြောမိပြီ
D အတွက်ဆို
ချစ်စိတ်ပုံ၍
ပုံအောချစ်မိ ကိုယ်တို့ အသိမှာ
ချစ်သူဘဝ
ရောက်ခဲ့တယ်နော်..........။
အေးဆေးတည်ငြိမ် ချစ်သူ D ရယ်
နုအိလက်ဖ၀ါး
ထွေးဆုပ်ခွင့်တောင်
ခွင့်မပေးဘဲ အိနြေ္ဒလေးတွေ
စောင့်ထိန်းလေသူ
ချစ်သူ သက်တမ်း
(၃) နှစ်ကျော်မှာ
နမ်းခွင့်တစ်ခါပေးလှည့်ပါလို့
ကိုယ် ပူဆာခဲ့
ချစ်သူ အကြင်နာ
မနေသာ
ပါးမို့မို့မှာ အနမ်းဖွဖွ
မေ့မရအောင် တမ်းတနေခဲ့တယ်.....။
ကိုယ်စိတ်နှလုံး D ရဲ့ ရှေ့မှောက်
ပုံလို့ ချစ်ခဲ့
ဆိုငြားသော်လည်း
အေးဆေးတည်ငြိမ် ရှက်အားပိုတဲ့
တိတ်တခိုး
အချစ်ကို နားမလည်နိုင်
ချစ်သူ D
ကို စိတ်ရိုင်းဝင်ကာ
မချစ်တတ်သူဟု
အပြစ်ယူ၍
အခြား ပျိုဖြူများ
ကိုယ်ဖောက်ပြားခဲ့တယ်......။
ဒီလိုနဲ့ပေါ့.
ရှက်ခြင်း
နောင်တနဲ့အတူ
ကိုယ်ပြုမှားတဲ့ အမှားထုပ်ကို
ပွေ့ ကာ ဖက်ရင်း အဝေးတစ်ခြားသို့
ပြေးထွက်ခဲ့လည်း...
D ဆီမှာဘဲ
တစ်ဝဲလည်လည် ရှိနေခဲ့တယ်
ကိုယ်မြာပွေဆိုးတာ
သိနေပါလျက်
အပြစ်မယူ
ခွှင့်လွတ်သူရယ်
အနမ်းဖွဖွ ကိုယ်ပြန်ရချင်
အပြုံးလှလှ
မြင်ချင်လှ၏
နှလုံးသားနေရာမှန် ချစ်သူ
D ထံ
မနှေးအမြန် ပြေးပြန်ချင်လှလည်း
မသက်သာ ခုတော့ လွမ်းနေရပြီ...
ချစ်သူရယ်..
အတိတ်ဆိုတာ အတိတ်မှာထား
ရှေးပညာရှိ
မိန့်မှာစကား ရှိခဲ့ဖူးဆိုပေမဲ့
မမေ့နိုင်သေးပါ ခုချိန်ထိ
မဖြစ်နိုင်တော့မှန်း
သိသိနဲ့
နှလုံးသားရဲ့
တစ်ထောင့်မှာ
ချစ်သူ D
ဆိုတဲ့ နာမည်လေး
စွဲစွဲမြဲမြဲ
ခေါ်နေရဆဲပါ...
မဆက်သင့်တဲ့
တို့ရဲ့ အိမ်မက်ကမ္ဘာ
ပြည်ဖုံးကားချလိုက်ကြရအောင် ချစ်ဦးဟောင်းလေးရယ်..............။
( ချစ်ဦးထံသို့ အမှတ်တရခံစားသီဖွဲ့ပါသည်...ချစ်ကြသူတိုင်း
ညားကြပါစေ......... )
No comments:
Post a Comment