Blogger Widgets Blogger Widgets

Pages

Sunday, June 30, 2013

ဆီအစွန်းကွက်များ ဖျောက်နည်း

 
ဆီကို အခြေပြု၍ ဖြစ်ပေါ်လာ သောအစွန်းများမှာ ထောပတ်၊ မာဂျရင်း၊ မိတ်ကပ်၊ ဆီ ၊ မရောနေ့ဇ်၊ ချွေးနံပျောက်ဆေး၊ ဂက်စ်လင်နှင့် ကော်လာမှ ချေးများ ဖြစ်ကြသည်။

အစွန်းနည်းလျှင်
၁. စွန်းသည့်နေရာကို အထည်ခံ နိုင် စွမ်းရှိသလောက် ရေနွေးပူပူတွင် စိမ် ပါ။
၂. (၅)မိနစ်ခန့်ကြာလျှင် ဆပ်ပြာ မှုန့် ထည့်ပြီး နယ်ပါ သို့မဟုတ် အဝတ် လျှော်စက်တွင် လှည့်ပါ။
၃. အစွန်းပျောက် မပျောက်စစ်ပါ။ အစွန်းမရှိတော့လျှင် အခြောက်လှန်း ပါ။ ရှိနေသေးက ရှေ့မှ နည်းအတိုင်း ထပ်မံပြုလုပ်ပါ။

အစွန်းများလျှင်
၁. ပြောင်းမှုန့်သို့မဟုတ် ဆေးပေါင် ဒါကို အစွန်းပေါ်တွင် ပွတ်ပါ။ မိနစ် (၂၀) ခန့်ထားပါ။
၂. ရေမပါဘဲ Brush နုနုဖြင့် အခြောက်ပွတ်ပါ။
၃. အစွန်းရှိနေသေးပါက ထပ်မံပြု လုပ်ပါ။
၎. ထို့နောက်ရေနွေးဖြင့် လျှော်၍ အစွန်းကျန် မကျန်စစ်ပြီး အခြောက် ခံပါ။ အစွန်းကျန်သေးက ဖော် ပြထားသောနည်းအတိုင်း ထပ်မံပြု လုပ်ပါ။
သဘာဝနည်းဖြင့် အစွန်းချွတ်နည်း
(၁) အစွန်းနေရာကို သဘာဝနည်း ဖြင့် ထုတ်လုပ်ထားသောသံပရာ၊ ရှောက်ဆီကို ဂွမ်းစဖြင့် တို့ပါ။
(၂) စက္ကူလက်ကိုင်ပဝါကို ယင်း အပေါ်မှဖုံးပြီး မီးပူတိုက်ပါ။
(၃) အပှူနှင့်တွေ့သောအခါ သံပ ရာဆီက အငွေ့ပျံသွားပြီး အစွန်း ကွက်သည်လည်း ပါသွားလျက် ရနံ့ သင်းသွားပါမည်။ ဤသို့ပြုလုပ်ခြင်း သည် အဆိပ်အတောက်လုံးဝကင်း စေသောနည်းဖြစ်သည်။

နှင်း

Health Updates Journal


https://www.facebook.com/photo.php?fbid=436868516410985&set=a.351047714993066.7

No comments:

Post a Comment