Blogger Widgets Blogger Widgets

Pages

Sunday, June 30, 2013

အဝတ်အစားများပေါ်မှ ဖားဥနှင့် မှိုစော်နံခြင်းကို ဖယ်ရှားနည်း

 
မိုးတွင်းတွင် စိုထိုင်းဆကြောင့် အဖြစ်များတတ်သောအဝတ်များ ပေါ်မှ ဖားဥသည် လတ်ဆတ်သော နေ၊လေနှင့်နေရောင်ခြည်တွင် မဖြစ် ပွားနိုင်ပါ။ သို့ဖြစ်၍ ဖားဥများစွဲလာ ပါက အိမ်အပြင်တွင် နေထုတ်လှမ်း ပါ။ အရင်ဆုံး (၁)ရက်လုံး နေလှမ်းပြီး အခြောက်ခံပါ။ ထို့နောက် ခြောက် သည့်အချိန်တွင် ဖားဥများကို Brush ဝက်မှင်ဘီးခပ်ကြမ်းကြမ်းဖြင့် တိုက် ပစ်ပါ။ ပြီးလျှင် ဆပ်ပြာရည်တွင် စိမ်၍ လျှော်ပါ။

ဗနီကာသည် သဘာဝမှိုသတ် ဆေးဖြစ်ပြီး ဖားဥ ၈၅%ကို ပယ်ရှား ပေးနိုင်သည်။ ဗနီကာကို သုံးခြင်းဖြင့် အဝတ်များကို ပျက်စီးမှု မရှိစေပါ။


 ပြုလုပ်နည်းမှာ
ရေသန့်သန့် (၁)ဂါလံတွင် ဗနီကာ (၁)ခွက်ရောပြီး အဝတ်များကို စိမ်ပါ။ 

 (၁)နာရီခန့်အကြာတွင် ရေသန့်သန့် ဖြင့် ဆေး၍ နေရောင်တွင် ထုတ်လှမ်း ပါ။ မှိုစော်နံသည့်အဝတ်များကို မည် သည့်အခါမှ လေမှုတ်ခြောက်စက် (dryer)နှင့်မှုတ်၍ အခြောက်မခံပါ နှင့်။ အကယ်၍ စိတ်ထဲတွင် မှိုနံ့ကျန် နေသေးသည်ဟု ထင်ပါက ဗနီကာ တွင် ထပ်မံစိမ်ပေးပါ။ မုချအနံ့ဆိုးများ ကင်းသွားပါမည်။
HT

Health Updates Journal


https://www.facebook.com/photo.php?fbid=436872329743937&set=a.351047714993066.7

No comments:

Post a Comment