Blogger Widgets Blogger Widgets

Pages

Sunday, June 30, 2013

ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း


 

ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား
ထားသည်။


သို့ရာတွင် သွေးယိုစိမ့်မှုကြောင့် မျက်လုံးအိမ် အတွင်း နာကျင်မှု ဝေဒနာကို သက်သာ စေရန်အတွက် မျက်စဉ်းဆေး တစ်မျိုးကို အသုံးပြုရန် ဆရာဝန်များက ညွှန်ကြား ပြသခဲ့သည့် အတွက် ယခုအခါတွင် သက်သာလာပြီ ဖြစ်ကြောင်း ဟာရစ်တ်ဇာက ပြောကြား ခဲ့သည်ဟု သိရသည်။   
 
(အီး..  သနားစရာကောင်းလို့ တင်လိုက်တာပါ)
 
    
  http://www.myawady.com.mm/allnews/global/item/18027-2013-06-29-11-08-13

No comments:

Post a Comment