Blogger Widgets Blogger Widgets

Pages

Monday, September 2, 2013

ထူးထူးဆန်းဆန်းအမျိုးသားများတွင်ဖြစ်သည့် ရင်သားကင်ဆာ


သားမြတ် ကင်ဆာဟာ ပုံမှန်မှာ တော့ အမျိုးသမီး တွေမှာသာ ဖြစ်လေ့ ဖြစ်ထရှိပေမယ့် အမျိုးသား တွေမှာလည်း သားမြတ်ကင်ဆာ ဖြစ်တတ် ပါတယ်။ အမျိုးသားတွေမှာ သားမြတ်ကင်ဆာ ဖြစ်နှုန်းဟာ သားမြတ်ကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိလှပါဘူး။ အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် ကြီးသူ အမျိုးသားတွေမှာ အဖြစ်များ ပါတယ်။ အသက် ၆၀ နဲ့ ၇၀ ကြားရှိသူ အမျိုးသား တွေမှာ တွေ့ရတတ်ကာ အသားစကို စစ်ဆေးကြည့်ပြီး ရောဂါ ရှိတယ်လို့ သတ်မှတ် ရပါတယ်။ ကင်ဆာ ရှိမှန်း စောစောစီးစီး သိရင် ပျောက်ကင်း နိုင်ပေမယ့် ရောဂါရှိသူ တွေဟာ ရောဂါ ရင့်လာမှ တွေ့ရှိတတ်တယ်လို့ သိရပါ တယ်။
ဘာကြောင့်ဖြစ်ရသလဲ
အမျိုးသားတွေမှာ သားမြတ်ကင် ဆာဖြစ်ရတဲ့ အကြောင်းရင်းကို သေသေ ချာချာမသိသေးပါဘူး။ ကင်ဆာဖြစ်ရ တာဟာ ဆဲလ်တွေ ပုံမမှန်ဖြစ်သွားတာနဲ့ မထိန်းသိမ်းနိုင်လောက်အောင် ဆဲလ် ပွားများတာကြောင့် ဖြစ်တာပါ။ ပုံမမှန် ဖြစ်နေတဲ့ သားမြတ်ဆဲလ်တွေ မြန်မြန် ပွားများလာတာကြောင့် အကျိတ်(ကင် ဆာ)ဖြစ်လာတာပါ။ ကင်ဆာကျိတ်ဟာ ဘေးတစ်သျှူး၊ လင့်အကျိတ် ဒါမှမဟုတ် ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားတတ်ပါတယ်။
မွေးကင်းစကလေးငယ် တိုင်းမှာ သားမြတ်တစ်သျှူးပမာဏအနည်းငယ် စီပါရှိတတ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အပျိုဖော်ဝင်စအချိန်မှာ သားမြတ်တစ်သျှူးတွေ ပိုမိုကြီးထွားလာ တတ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အလုပ်မလုပ်တဲ့ သားမြတ်တစ်သျှူး ပမာ ဏ အနည်းငယ်ကို သယ်ဆောင်ထားရပါ တယ်။ သားမြတ်တစ်သျှူးမှာ နို့ထုတ် လုပ်တဲ့ ဂလင်း (Lobules)၊ နို့သီးခေါင်း သို့ နို့ပိြုွ့ပန်နဲ့ အဆီတွေ ပါဝင်ပါတယ်။ သားမြတ်ရဲ့ တည်ဆောက်ပုံအရ သား မြတ်ကင်ဆာကို အမျိုးအစား သုံးမျိုးခွဲ ထားပါတယ်။
၁။ Ductal Caricinoma- နို့ပြွန်မှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာ အမျိုးအစား ပါ။ အမျိုးသားတွေမှာအဖြစ်များပါတယ်။
၂။ Lobular Caricinoma - နို့ထုတ် လုပ်တဲ့ ဂလင်းမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ မျိုးပါ။ အမျိုးသားတွေရဲ့ သားမြတ်မှာ နို့ထုတ် ဂလင်းအနည်းငယ်သာ ရှိတဲ့အတွက် ဒီ အမျိုးအစား ဖြစ်တာနည်းပါတယ်။
၃။ Paget's Disease of Nipple - နို့သီးခေါင်းအတွင်းနဲ့ တစ်ဝိုက်မှာ ဖြစ် ပေါ်တဲ့ ကင်ဆာပါ။ မိဘမျိုးရိုးမှ တစ်ဆင့်ရရှိတဲ့ မျိုးရိုး ဗီဇဂျင်းျြွဃဗ ၂ ရှိသူတွေမှာ သား မြတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါတယ်။
ဖြစ်နိုင်ခြေ အချက်များ
၁။ အရက်အလွန်အကျွံ သောက်ခြင်း
၂။ အီစထရိုဂျင် ပါဝင်သော ဆေးဝါး ကို မှီဝဲရခြင်း(ဆီးကျိတ်ကင်ဆာတွေမှာ ဟော်မုန်းအစားထိုးကုထုံးအဖြစ် အသုံး ပြုပါတယ်)
၃။ မိသားစုရာဇဝင်မှာ သားမြတ်ကင် ဆာရှိခြင်း
၎။ သားမြတ်ကင်ဆာဖြစ်စေသည့် အီစထရိုဂျင် ထုတ်လုပ်မှုများခြင်း မျိုးရိုးဗီဇရောဂါ တစ်မျိုးဖြစ်တဲ့ Kline ရှိသူတွေ ဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင် ထုတ်လုပ်မှုနည်းတတ်ပြီး အမျိုးသမီး ဟော်မုန်း အီစထရိုဂျင် ထုတ်လုပ်မှုများ တတ်ပါတယ်။
၅။ အသည်းရောဂါရှိခြင်း ဥပမာ အသည်းခြောက်ရောဂါ ဒီရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်မှ အီစထရိုဂျင်ထုတ်လုပ်မှု မြင့်မားပါတယ်။
၆။ အဝလွန်ခြင်း အဝလွန်သူတွေရဲ့ အဆီဆဲလ်တွေ ဟာ အင်ဒရိုဂျင်ကို အီစထရိုဂျင်အဖြစ် ပြောင်းလဲနိုင်လို့ပါ။
၇။ ဓာတ်ရောင်ခြည် ထိတွေ့မှုများခြင်း
ရောဂါလက္ခဏာများ
- အမျိုးသားတွေမှာ သားမြတ်ကင်ဆာ ဖြစ်ရင် သားမြတ်နေရာမှာ နာကျင်မှုမရှိ တဲ့ အကျိတ်ထွက်တာ ဒါမှမဟုတ် သား မြတ်တစ်သျှူးထူထပ် နေတတ်ပါတယ်။
- သားမြတ်ကို ဖုံးအုပ်ထားတဲ့ အရေပြား ဟာ ချိုင့်ဝင်နေတာ၊ နီရဲနေတာ ဒါမှမဟုတ် အရေခွံကွာနေတာတွေ ဖြစ်တတ်ပါတယ်။
- နို့သီးခေါင်းမှ အရည်ထွက်တတ်ပါ တယ်။ ရောဂါရှာဖွေခြင်း
ဆရာဝန်တွေက သားမြတ်မှာ အကျိတ်ရှိ၊ မရှိ စမ်းသပ်ပါမယ်။ ကင်ဆာပျံနှံ့မှု ရှိ၊မရှိ သိနိုင်ဖို့ အသည်းကို စမ်းသပ်တာ ဒါမှမဟုတ် Lymph အကျိတ်ကို စမ်းသပ်တာတွေ ပြုလုပ်ပေးတယ်။
- သားမြတ်ကို ဓာတ်မှန်ရိုက်တာ ( Mamnography) Ultrasound ရိုက်တာ လိုအပ်ရင် CT Scan နဲ့ MRI တွေပြုလုပ်ပေးပါတယ်။
- သားမြတ်တစ်သျူးကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးပါမယ်။
ကုသခြင်း
အမျိုးသားတွေမှာ ဖြစ်တဲ့ သားမြတ်ကင်ဆာကို ရောဂါရဲ့ အဆင့်ပေါ်မှုတည်ပြီး ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်း ကုသတာ၊ ဟော်မုန်းနဲ့ ကုသတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ 
By ရိုးရာလေး


No comments:

Post a Comment