Blogger Widgets Blogger Widgets

Pages

Wednesday, July 10, 2013

Facebook ပုံပြင်






အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..
ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။
သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို
Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး ..

သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ်
သမီး ကောင်လေးက Share ပဲ လုပ်တာပါ ..

အမေ ။ ။ အိုအေ .. Share ပဲလုပ်လုပ် ဘာပဲလုပ်လုပ်
Post တခုတောင် လက်ကြောတင်းအောင် မတင်နိင်တဲ့
အကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိင်ဘူး ...

အဖေ ။ ။ ဟုတ်တယ် သမီး .. သမီး ကောင်လေး ဟိုတခါ
ဖေဖေ့ Post အောက်မှာလည်း ဝင်ဆဲသွား သေးတယ် ။

အကို ။ ။ ဒီမှာ ညီမလေး .. ဒီကောင်က ကုပ်ကမြင်း ..
Wall ပေါ်မှာ ဘုရား ဘုရား ၊ Chat Box မှာ ကားယားကားယားလုပ်နေတဲ့ ကောင် .. ။ နင် ဒီကောင်နဲ့ မပတ်သတ်နဲ့ ။

အမေ ။ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။ ညည်းကို ငါ့ မိတ်ဆွေ Page Admin ရဲ့ သားနဲ့ မြန်မြန် Relationship လုပ်ခိုင်းမှ ဖြစ်တော့မယ် ။ မနက်ဖြန် ကျရင် သူတို့ တမိသားစုလုံးက အကောင့်တွေကို ညည်း Add ထားရမယ် ။ ဒါပဲ ။

အကို ။ ။ ကြာတယ်ဗျာ .. မနက်ဖြန် ဒီကောင့် Account ကို Report ဝိုင်းတင်ကြမယ် ။ တဆွေလုံး တမျိုးလုံး Report လုပ်ရင် သေချာပေါက် ပျက်တယ် ။


သမီး ။ ။ ရက်စက်လိုက်တာ .. အမေတို့ရယ် ...အဟင့် (ကျဥ ကျဥ )


*** နောက်ဆုံး တကယ် အကြီးကြီး ကြေကွဲဖို့ ကောင်းတာက Facebook ပေါ်မှာ .......


ကောင်မလေး ။ ။ သူ .. သူနဲ့ ဒို့ ကို မိဘတွေက Like မလုပ်နိင်ဘူးတဲ့ ။ ဒို့ကိုလည်း Page Admin တယောက်ရဲ့ သားနဲ့ Relationship လုပ်ခိုင်းကြတော့မယ် ။ ဒို့ကို Unfriend လိုက်ပါတော့ ကွယ် ... အဟင့်ဟင့် ( ပလောက် .. ပလောက် )

ကောင်လေး ။ ။ ဘာ !!!
မင်းတို့ မိသားစု အဲ့လောက် Like တွေ ၊ Share တွေ မက်မှန်း အစက မသိခဲ့ဘူးကွာ ... ခုတော့ Page Admin ရဲ့သားနဲ့ ဆိုတော့ ... ဟားးး
မင်း တဘဝလုံး အတွက် Connection ကောင်းပြီပေါ့ကွာ ... ဟားဟားဟားး (ဂရား ဂရားး)

ကောင်မလေး ။ ။ အဲ့လိုမျိုး မပြောပါနဲ့ သူရယ် ....
ဒို့က ငယ်ငယ်တည်းက မိဘတွေ Suggest သမျှကို
Confirm ရတဲ့ သူပါ ...တခါမှကို Cancel မလုပ်ရဲတဲ့ သူပါကွယ်.. ဒို့ကို ခွင့်လွှတ်ပါနော် ..ဒို့ကို Unfriend မြန်မြန်လုပ်လိုက်ပါတော့နော်... ဒို့ မခံစားနိင်တော့ဘူး ..
ကြာရင် ဒို့ Accocount ကို ဒို့ Deactivate လုပ်မိတော့မယ် .. .အဟင့်ဟင့် ( ကျအု .. ကျအု )

ကောင်လေး ။ ။ ဂလောက် ဖစ်နေတာာ .. မတာမ .. Block ပြီဟ .. ...Block ပြီ / Block !!!!!!


ထိုအချိန်မှ အစပြု၍ အနှီ သူငယ်သည် Facebook ပေါ်တွင် မဖြစ်ညစ်ကျယ် Page လေးတခု
ထောင်ကာ ပေါက်တတ်ကရများကို ရေးသား နေလေတော့သည် တမုံ့ ။



( ဟာသလေး ဖြစ်သလို အင်တာနက် ဝေါဟာရလည်း ရတာပေါ.  herolisuguy )

No comments:

Post a Comment