Blogger Widgets Blogger Widgets

Pages

Wednesday, July 10, 2013

သို့.....ချစ်သောဇနီး..တဲ့


  လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ဝင်တော့ အခန်းထဲမှာ ကွန်ပျူတာ တစ်လုံးတွေ့တာနဲ့ သူအတော် ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲ ဆိုပြီး အီးမေးလ်တစ်စောင် ပို့လိုက်တယ်။ ဒါပေမယ့် သူ့အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင် မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်မိပြီလေ။ 

        အဲဒီအချိန်…. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့ အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။
နိုင်ငံရပ်ခြား ရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေး စကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ "အောင်မလေး"လို့အော်တဲ့ အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပျူတာကို ကြည့်လိုက်တော့ မော်နီတာစကရင်မှာ ပေါ်နေတာက

သို့…ချစ်ဇနီး
အကြောင်းအရာ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ။ ။ ၂၁ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပျူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်းမနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံး စီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်….

No comments:

Post a Comment