Blogger Widgets Blogger Widgets

Pages

Tuesday, July 30, 2013

ကြက်ဥသောက် ၍ သေရသူ (တန်ဆေး...လွန်ဘေး)




ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်း အစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါ တယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင် လိုက်ရ ပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါ တယ်။ 

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးက တော့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိ ပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင် ပါတယ်။

ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံး စားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီး တာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
 

No comments:

Post a Comment