Blogger Widgets Blogger Widgets
Pages
Tuesday, July 30, 2013
အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ
Photo: အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ 
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။   
အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ  အစာအိမ် ကို  ကင်ဆာဖြစ်စေနိုင်ပါတယ်။
ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ  ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။  စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ  ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့   ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင်  ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။
ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍   ကင်သော အကင်များကို   စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး 
အချို့သောအသားများကို ဆီနှင့်ကြော်၍  ရောင်းချသော ဆိုင်များသည်လည်း  ပြန်ကြော် ဆီကိုသာ  အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။
...
No comments:
Post a Comment