Wednesday, July 17, 2013
မိခင်က သားငယ်ကို ကတ်ကျေးနဲ့ အချက် ၉၀ ကျော် ထိုး
တရုတ်ပြည်ဟာ ယနေ့ ကမ္ဘာ့အလယ်မှာ တိုးတက်လာတာနဲ့အမျှ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာလဲ တစ်တောင့် တစ်နေရာမှာ ခက်ခဲစွာ ရုန်းကန်နေရမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။အခု ဖော်ပြပေးမယ့် ဖြစ်စဉ်လေးကတော့ တရုတ်ပြည်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ ၈ လ သား အရွယ်ရှိ ဇောင်ဘို လို့မည်ရတဲ့ ကလေးငယ်ကို မိခင်က နို့တိုက်ကျွေးနေစဉ်မှာ သူ့နို့ကို ကလေး ငယ် က ကိုက်တဲ့ အတွက် အနီးမှာ ရှိတဲ့ ကတ်ကြေးနဲ့ အချက်ပေါင်း ၉၀ ကျော်ထိုးခဲ့ပါတယ်။
ဇောင်ဘိုဟာ ကက်ကျေးဒဏ်ရာတွေအတွက် အချက်ပေါင်းတစ်ရာကျော် ချုပ်ရတယ်လို့ mail online သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။
ဇောင်ဘိုရဲ့ မိခင်ဟာ လက်ရှိမှာ စိတ်ရောဂါ ခံစားနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဇောင်ဘိုရဲ့ မိခင် လို စိတ်ရောဂါ ဝေဒနာ ခံစားနေရသူပေါင်း ခန့်မှန်းချေ ၁၇၃ သန်းလောက်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီထဲကမှ ရာခိုင်နှုန်း ၉၀ ကျော်က စနစ်တကျ ဆေးကုသမှု တခါမျှ မခံယူဖူးပါဘူးတဲ့။
ဇောင်ဘိုနဲ့ သူ့မိခင်ဟာ အမှိုက်ကောက်ပြီး ၀မ်းကြောင်းရသူဖြစ်သလို ဦးလေး ၂ ဦးနဲ့ အတူနေတာဖြစ်ပါ တယ်။ အခင်းဖြစ်တဲ့နေ့က အပြင်က ပြန်လာတဲ့ ဦးလေး ဖြစ်သူက သွေးအိုင်ထဲမှာ လဲကျ ငြိမ်သက်နေ တဲ့ ဇောင်ဘိုကို တွေ့တဲ့ အခါ အနီးက ဆေးရုံကို အမြန်ပို့သနိုင်ခဲ့တာကြောင့် ကံဆိုးသူ ဇော်ဘိုလေး အခုတော့ ကျန်းမာလာနေပါပြီတဲ့။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment