Blogger Widgets Blogger Widgets

Pages

Wednesday, July 17, 2013

ခြေ လေးချောင်း နှင့် ကြက်ကလေး



မတ်လ ၂၄ ရက် နေ့က အမေရိကန် ပြည်ထောင်စု မစ္စစ္စပီတွင် အမျိုး သမီး တစ်ဦး၏ မွေးမြူရေး ခြံမှ ကြက်ဥများ ပေါက်သည့် အထဲတွင် ခြေထောက် လေးချောင်းနှင့် ကြက် ကလေး တစ်ကောင် ပါလာကြောင်း ထူးဆန်းစွာ တွေ့ရှိ ကြရသည်။

အန်နက်တီ ဘရက် ဆိုသည့် အမျိုး သမီး တစ်ဦးက သူ့ ခြေ လေးချောင်း ကြက်လေးကို ကံကောင်းဟု အမည် ပေးခဲ့ပြီး၊ ၂၄ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် အကောင် ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ထို ကြက် ကောင်ပေါက် လေး၏ ခြေထောက် လေးချောင်း စလုံးမှာ ပုံမှန် အနေ အထား အတိုင်း ဖြစ်ကြောင်း WLBT-TV အစီ အစဉ်တွင် ရိုက်ကူး ဖော်ပြ ထားကြောင်း လည်း တွေ့ရသည်။

ဘရက်၏ ပြောကြား ချက်အရ ကြက် ကလေး သည် လက်ရှိ အနေ အထားတွင် ပုံမှန် အနေ အထား မဟုတ် သောကြောင့် လမ်း မလျှောက် နိုင်သေးဟု သိရသည်။ သူမ ခြံထဲတွင် ကြက် အကောင် ၁၀၀ ကျော် ရှိသည့် အနက် ယခု ကြက် ကလေးမှာ အထူး ခြားဆုံး ဖြစ် သဖြင့် ကံကောင်းဟု ခေါ် လိုက်ခြင်း ဖြစ်ကြောင်း ဘရက်က ဆိုသည်။ 

No comments:

Post a Comment