Blogger Widgets Blogger Widgets

Pages

Saturday, July 5, 2014

အွန်လိုင်းမှာ Free Data သိမ်းလို့ရတဲ့websiteတွေပါ

အွန်လိုင်းမှာ Free Data သိမ်းလို့ရတဲ့websiteတွေပါ
( အရမ်းကောင်းတဲ့/ အသုံးဝင်တဲ့ ပို့စ်မို့လို့ ရွှေမြို့တော်ဆိုဒ်ကနေတစ်ဆင့် ရှဲလ်ပေးလိုက်တာပါ)

   အသုံးပြုမှုအများဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ free online storage website တွေကိုပြောပြပေးပါမယ်။အသုံးပြုတာ အသုံးမပြုတာကတော့ သူငယ်ချင်းတို့ သဘောပေါ့ဗျာ။အောက်က website တွေကို Knowlegde တစ်ခုအနေနဲ့ သိထားရင်လည်းအကျိုးမယုတ်ပါဘူးဗျာ။အခြားinternet မြန်နှုန်းမြင့်တဲ့ နိုင်ငံတွေမှာဆို သူတို့ရဲ့ file တွေကို cloud နည်းပညာသုံးပြီး onlineမှာပဲ အများအားဖြင့်သိမ်းဆည်းကြပါတယ်။ကျွန်တော်တို့ အနေနဲ့ လေ့လာထားသင့်တယ်ထင်လို့ ဒီpostကိုတင်လိုက်တာပါ။

(1)Google Drive
Dataတွေကို အလုံခြုံဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ website ကတော့ google drive ပဲဖြစ်ပါတယ်။အဲဒီgoogle drive က သုံးတဲ့သူတွေအနေနဲ့ 15GB ကို free အသုံးပြုခွင့်ပေးပါထားတယ်။2013ခုနှစ် စစ်တမ်းအရ အသုံးပြုသူဦးရေ 120 million (November)တောင်ရှိပါတယ်။Gmail account ရှိနဲ့ Loginလုပ်ပြီး တန်းအသုံးပြုလို့ရတယ်။အသုံးပြုရလည်းလွယ်တယ်။သူ့ရဲ့ website လိပ်စာက drive.google.com
(2)SkyDrive
SkyDriveက7GB အထိfreeအသုံးပြုတဲ့userတွေကိုအသုံးပြုခွင့်ပေးထားပါတယ်။သူ့မှာ ထူးခြားချက်တွေကတော့ Microsoft Office software feature တွေဖြစ်တဲ့ Microsoft office ၊ Excel တို့လို့ software တွေကို online မှာပဲ တန်းပြီး အသုံးပြုလို့ရပါတယ်။word ၊ excel file တွေကို online မှာပဲပြင်ဆင်လို့ရပါတယ်။Photos ၊Documents နဲ့ အခြားfilesတွေကိုလည်း သိမ်းဆည်းနိုင်ပြီး မိမိတို့ရဲ့ သူငယ်ချင်းတွေကိုလည်းပြန်shareနိုင်ပါတယ်။သူ့ရဲ့ website လိပ်စာကတော့https://login.live.com/
(3)Mega
Mega ဆိုတဲ့ website ကတော့ free online storage website တွေထဲမှာ Data storage ပေးတာ တော်တော်များတယ်။50GB ထိ free ပေးတယ်။ သူ့ရဲ့website လိပ်စာက https://mega.co.nz/#login
(4)Dropbox
Dropbox ကလည်းအသုံပြုမှုအများဆုံး free storage website တစ်ခုပါပဲ။အဲဒီwebsiteကလဲ SkyDriveလိုပါဘဲ photos,documentsနဲ့videos တွေကို သိမ်းဆည်းနိုင်ပြီး သူငယ်ချင်းတွေကိုလည်း ပြန်shareလို့ရပါတယ်။Computer နဲ့ smart phoneတွေရော dropboxကိုအသုံးပြုနိုင်ပါတယ်။ 2GB အထိfree အထိအသုံးပြုလို့ရပါတယ်။သူ့ရဲ့website လိပ်စာက www.dropbox.com
(5)Box
သူလဲ dropbox လိုပဲအသုံးပြုလို့ရမှာပါပဲ။ဒါပေမဲ့ dropbox ထက်သာတာက box က free အသုံးပြုသူတွေအတွက် 5GB အထိအသုံးပြုလို့ရပါတယ်။website လိပ်စာကတော့ www.box.com
Internet ဆိုတာရှာဖွေလေလေ တွေရှိလေလေပဲနော် ။Knowledge တစ်ခုတိုးပါစေဗျာ။

No comments:

Post a Comment