ယောက်ျားလေးတွေ နားလည်ထားရမဲ့
သူတို့အကြောင်း...
၁။
သူအမြဲမေးတတ်တယ်…”နင်ဘယ်မှာလဲ? နင်အခုဘာလုပ်နေလဲ?”
(သူမင်းကို
သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့သူဇဝေဇ၀ါဖြစ်နေတယ်။မင်းအလုပ်ရှုပ်နေမှာ
ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။ တခြားလူဆို ဘာလုပ်လုပ်ပေါ့…
သူကဂရုမစိုက်ဘူး။ ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊
မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို
သူသိပါစေ၊
သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။)
၂။ သူပြောလေ့ရှိတယ်… “ငါ
မပျော်ဘူး၊ စိတ်ရှုပ်တယ်။”
(ဒါကို
အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ်
မပျော်တာမဟုတ်ပါဘူး။ သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို
တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာတယ်မဆိုးနဲ့နော်”ဆိုတာလေးနဲ့လဲ
သူကျေနပ်နိုင်ပါတယ်။)
၃။
သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊
ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။”
(ဒါကို
သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊မင်းသူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊
သူမင်းကိုစိတ်ပူတတ်တယ်ဆိုတာကို ပြောချင်တာပါ။)
၎။ သူအမြဲပြောတတ်တယ်… “၀လာပြန်ပြီ…
ဒါမှ မဟုတ် မလှတော့ဘူး။”
(ဒါကို
သူ့ကိုယ်သူသိမ်ငယ်နေတာ၊ဒါမှမဟုတ် အရမ်းကို လှချင်နေတယ်လို့ မထင်လိုက်ပါနဲ့။ သူက
မင်းရဲ့မျက်လုံးမှာ
မလှပ
မပြည့်စုံမှာ ကို အမြဲ စိုးရိမ်နေတာပါ။ သူ မင်းအတွက်ကြောင့် ပြောင်းလဲဖို့တော်တော်လေးကြိုးစားနေပါပြီ။)
၅။ သူပြောလေ့ရှိတယ်… “မင်းကို
ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။”
(ဒါပေမဲ့
သူသိတယ်၊ သူမင်းကိုဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။
သူမင်းကိုသိစေချင်တာကသူမင်းဘေးမှာအမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။)
၆။
“မင်းတခြား ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို မြင်ရင် စိတ်ဆိုးတယ်၊
စိတ်ကောက်တတ်တယ်။”
(ဒါကို
သူ သဘောထားသေးတယ်၊ မင်းကို မယုံကြည်ဘူးလို့သဘောမထားလိုက်ပါနဲ့။ သူက သ၀န်တိုနေတာပါ၊
သူမင်းအပေါ်ကို အရမ်း အလေးထားလို့ စိတ်ညစ်နေရင်တောင် ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်တယ်။)
၇။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့
သဘောထားကို မေးတတ်တယ်။”
(သူ
ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။
သူမင်းကို လေးစားတာ၊ အရာရာမင်းကိုဦးစားပေးတတ်လို့ပါ။”)
၈။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း
နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။”
(ဒါကတော့
သူမင်းကို ယုံကြည်တယ်ဆိုတာကို ပြတာပါ။)
၉။ “သူ ၀မ်းနည်းတတ်တယ်၊
လျှောက်စဉ်းစားတတ်တယ်။”
(သူ
အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။ တခါတလေ
သူလဲလုံခြုံစိတချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)
၁၀။ “သူစိတ်ဆိုး
ဟန်ဆောင်ပြီးလှည့်ထွက်သွားတယ်။”
(အမှန်တကယ်မှာတော့
သူ တကယ်သွားချင်တာမဟုတ်ဘူး။ သူလှည့်ထွက်တဲ့အချိန်မှာမင်းရဲ့နောက်ကနေ ပွေ့ဖက်ပြီး
ထွက်မသွားပါနဲ့ ဆိုတာမျိုးလေးကို လိုချင်လို့ပါ။)
၁၁။ “သူ ကရုတ်တရက် မင်းကို
အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။”
(သူ
ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။)
၁၂။
“သူ တနေ့နေ့မှာ မင်းကို လမ်းခွဲဖို့ ပြောကောင်း ပြောလာလိမ့်မယ်။”
(အမှန်တကယ်မှာတော့
သူ မင်းကို ချစ်နေတာ တော်တော်လေးကို ကြာနေပါပြီ၊ ဒီ သံယောဇဉ်လေး ဟာအစစ်အမှန်လားဆိုတာကို
သူဝေခွဲ မရလို့ပါ။ သူ မင်းဆီကနေ မင်းရဲ့စိတ်ချလို့ရတယ်ဆိုတဲ့ ခံစားချက်လေး၊ သူ့ကို
နှမြောတွန့်တိုတယ်ဆိုတဲ့ စိတ်လေး၊ သူ့ကို မထားသွားပါနဲ့ ဆိုတဲ့ စကားလုံးလေးတွေကို
ဘဲ လိုချင်တာပါ။) သူ မင်းတို့ နှစ်ယောက်ကြားမှာ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ ကို
သိသိနဲ့ မင်းရဲ့ နံဘေးမှာ သာမန် သူငယ်ချင်း တစ်ယောက် အနေနဲ့ဆက်ပြီး နေနိုင်ပေးတာ…
သူ ယုတ်ညံ့နေလို့မဟုတ်ဘူး၊ သူမင်းကို မချန်ထားရစ်ရက်လို့ပါ။သူ မင်းဆီကို စပြီး
ဖုန်းမဆက်တာ၊ စာမပို့တာ သူ သတိမရလို့မဟုတ်ဘူး…မင်းဖုန်းကိုင်တဲ့ အချိန်၊ စာ ရတဲ့
အချိန်မှာ လဲ သူ့ကို သတိရနေမှာလားဆိုတာကို သူ့ကိုယ်သူ မယုံကြည်လို့ပါ။
သူ
မင်းကို မချစ်တော့ဘူးဆိုရင် မင်းကို စိတ်ဆိုးစိတ်ကောက်တော့မှာ မဟုတ်ဘူး…သူ
စိတ်ကြီးတာကို အပြစ်တင်မနေပါနဲ့… မိန်းကလေးတွေက သူတို့ ချစ်တဲ့
သူအပေါ်မှာဘဲစိတ်ကောက်တတ်တာပါ။
သူမင်းရှေ့မှာ
အမြဲတမ်း ပျော်အောင်နေနေတာ…
သူ့မှာ
ခံစားတတ်တဲ့ နှလုံးသားမရှိလို့၊ တုံးအအ ဖြစ်နေလို့မဟုတ်ဘူး…
မင်းရဲ့
ရှေ့မှာ အလှပဆုံး ပုံရိပ် ကိုဘဲ ချန်ထားပေးခဲ့ချင်လို့ပါ။
No comments:
Post a Comment