Blogger Widgets Blogger Widgets

Pages

Sunday, September 15, 2013

မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုးဖြင့်ခတ်ထား


ဖခင်ဖြစ်သူက ဘဝဆုံးနေ သောသားဖြစ်သူအား ဂူနေလူ ဘဝရောက်ရပုံကို ပြောပြခဲ့သည်။ ၎င်းအား တရုတ်ပြည် အလယ် ပိုင်းဒေသ၌ အဝတ်မပါဘဲ သံ ကြိုးဖြင့် ခတ်ထားခြင်းဖြစ်သည်။
အသက်၂၆နှစ်ရှိ ချန်ရှန်း တောင်၏ လွမ်းဆွေးဖွယ်ရာများ ကို အံ့အားသင့်စရာရုပ်ပုံများက ဖော်ပြနေပေသည်။ ချန်မှာ မွေး လာကတည်းက မျက်စိမမြင် စိတ် မနှံ့ဖြစ်ခဲ့ရသည်။ သူ့အား ခြေချင်း ဝတ်၌ သံကြိုးဖြင့် ချည်နှောင်ကာ ဟီနန်ပြည်နယ်မှ ဝေးလံသီခေါင် သည့် ချန်လင်းကျေးရွာရှိ ဂူသို့ ခေါ်လာခဲ့သည်။ သူ၏ဓာတ်ပုံကို တွေ့မြင်ရသူများက မခံမရပ်နိုင် ဖြစ်၍ ရိုင်းစိုင်းသောအပြုအမူ ဖြစ်သည်ဟု ပြောခဲ့ကြသည်။
အသက်၇ဝရှိ ဒက်ချန်ယွန် ချောင်သည် သူ၏နေအိမ်ဆုံးရှုံး သွားပြီးနောက် သူ၏သားကို စွန့် ပစ်ခဲ့သည်။ သူသည် သူ့သမီးထံ ၌ သွားနေခဲ့သည်။ ''ကျွန်တော့်မှာ ကိုယ်ပိုင် အိမ်မရှိဘူး။ ကျွန်တော့်သားကို ဘယ်အိမ်မှာ သွားထားရမလဲ။ ဒီလိုလုပ်တာဟာ ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်တာပဲ။ ကျွန်တော် အစာနဲ့ရေပေးဖို့ သူ့ ဆီကို တစ်နေ့သုံးကြိမ်လာပါတယ်။ ဒါမှ သူ အစာနဲ့ရေရနိုင်မှာဖြစ် တယ်''ဟု ဖခင်ဖြစ်သူကပြောသည်။
''သံကြိုးနဲ့ချည်ထားတာက လဲ သူထွက်မပြေးနိုင်အောင်လို့၊ သူ အန္တရာယ်မဖြစ်နိုင်အောင်လို့ ပါ။ ကျွန်တော်က ငွေကြေးတတ် နိုင်သူမဟုတ်လို့ သူ့ကို ကုသပေး ဖို့ ဆရာဝန်လဲ မခေါ်နိုင်ပါဘူး။ သူ့မှာ သွားစရာလဲဘယ်မှမရှိဘူး။ ကျွန်တော် သူ့ကို ဒီလိုပုံစံနဲ့မကြည့် ရက်ပါဘူး။ ဒါပေမဲ့ ရွေးစရာနည်း လမ်းမရှိလို့ ဒီလိုလုပ်ရတာပါ''ဟု ယွန်ချောင်က ထပ်လောင်းပြော ခဲ့သည်။
''သူက အဝတ်လဲမဝတ်နိုင် ဘူး။ သံကြိုးနဲ့ ချည်မထားခဲ့ရင် သူလျှောက်ပြေးနေပြီး သူ့ကိုထိ ခိုက်နိုင်ပါတယ်''ဟု သူကဆိုသည်။
ချန်ရှန်းတောင်၏ ဓာတ် ပုံများ လူမှုရေးမီဒီယာများ၌ပေါ် လာသောအခါ တရုတ်ဝေဖန်သူ တို့ တုန်လှုပ်သွားခဲ့ကြသည်။ ထိတ် လန့်သွားခဲ့ကြသည်။ ''ဒါဟာ သူ့အဖေနဲ့ သူတို့ရွာက အကောင်း ဆုံး လုပ်ပေးနိုင်တာလား''ဟု လည်း မေးခဲ့ကြသည်။
''တကယ်လို့ ရှန်းတောင် ဟာ ဝက်တစ်ကောင်၊ ဒါမှမဟုတ် နွားတစ်ကောင်ဖြစ်နေရင်တောင် ဒီထက်ကောင်းကောင်းလုပ်ပေး သင့်ပါတယ်''ဟု ပြောသည်။


Yangon Media Group

No comments:

Post a Comment