Blogger Widgets Blogger Widgets

Pages

Sunday, September 15, 2013

ငှက်မိခင် ကောင်လေး


Tuesday, September 10, 2013

ရုရှားနိုင်ငံက ၁၂ နှစ်အရွယ် ကလေးတစ်ယောက် အမည်ကတော့ ဗစ်ဒီဘီလေဂရော့ လို့ ခေါ်တယ်။ ကောင်းလေး၏ ပတ်ဝန်းကျင်က ကောင်းလေးကို ငှက်မိခင်လို့လည်း ခေါ်တယ်။ ဘာလို့ ငှက်မိခင်လို့ ခေါ်လည်း ဆိုတာကို ရှင်းပြပါ့မယ်။
တစ်နေ့ ကောင်လေးဟာ သူ၏ အိမ်ဝန်းအတွင်းမှာ လမ်းလျှောက်နေစဉ် မျက်စိလည်နေသော ငှက်ကလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူကယ်ခဲ့တယ် ဆိုပါတော့။ ငှက်ကလေးဟာ အတောင်ပေါက်စ ဆိုပေမယ့် ပျံသန်းနိုင်ပါတယ်။ သို့သော်လည်း အဲဒီငှက်ကလေးဟာ သူ၏ မိခင်ဆီကို မပြန်ပါဘူး။

အဲဒီနေ့ကနေ စပြီးကတည်းက ကောင်းလေး၏ ပခုံးပေါ်မှာပဲ နေပါတယ်။ အစာ စားလျှင်လည်း ကောင်လေး၏ လက်ထဲမှာပဲ စားပါတယ်။ အလွန်ပဲ ချစ်ခင်သော လူနှင့်ငှက်ပေါ့။ ဒါကြောင့် ကောင်လေးကို ငှက်မိခင်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ရှေးရေစက် တစ်စုံတစ်ရာကြောင့် အခုလို ချစ်ခင်ကြတာ ဖြစ်မယ် ထင်ပါတယ်။ အံ့သြစရာလည်း ကောင်းပါတယ်။ တိရစ္ဆာန်တွေကို အသိဥာဏ် မရှိဘူးလို့ မထင်လိုက်ပါနဲ့။ တိရစ္ဆာန်တွေဟာ လူတွေလောက် အသိဥာဏ် မရှိပေမယ့် ကြင်နာယုယ ဂရုစိုက်မှုဆိုတဲ့ မေတ္တာတရားကိုတော့ နားလည်လောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေ အပေါ် မေတ္တာ၊ ဂရုဏာ ထားပြီးတော့ စောင့်ရှောင့်ကြည့်ပါ။ သင့်အပေါ် ပြန်လည် မေတ္တာထားလာ ပါလိမ့်မယ်။

Ref - metro
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment