အချစ် အမျိုးအစား ဘယ်လောက် ရှိတယ်လို့ ထင်ပါသလဲ။
စိတ်ပညာရှင် တစ်ယောက် ဖြစ်တဲ့ Dr. Paulette Kouffman Sherman ကတော့ အချစ် ၁၅မျိုး
ရှိတယ်လို့ ဆိုပါတယ်။
အချစ်ဆိုတာ
ဘာလဲ။ စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေမှာ မရိုးအောင် ရိုက်ပြ၊ ရေးပြနေ တာကို
တွေ့ကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အပေါ် ချစ်ခြင်းတွေက ညီမျှမှု မရှိတာ ကိုလည်း
မြင်နေ ရမှာပါ။ ကိုယ်ခံစား နေရတဲ့ ချစ်ခြင်း၊ ကိုယ်က တခြားသူကို ပြန်ပေးလိုက်တဲ့
ချစ်ခြင်း တွေကို တစ်ဦးတစ်ယောက် အမြင်နဲ့ ခွဲခြမ်းစိတ်ဖြာ လိုက်တဲ့ အခါမှာ
အမျိုးအစား ၁၅မျိုး ထွက်လာပါတယ်။ ဘာတွေလဲ ကြည့်ရအောင်။
Infatuation - အရူးအမူး ချစ်ခြင်းလို့ ဘာသာပြန်လို့ ရပါတယ်။ စိတ်ကူးယဉ်မှု၊ ပြီးပြည့်စုံမှုက အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်ပါ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဒါမှမဟုတ် လှတပတ အရာဝတ္ထု တွေအပေါ် ထားတဲ့ အချစ် တစ်မျိုးပါ။ ဒါပေမယ့် တစ်ဦးတစ်ယောက် အကြောင်းပို ပြည့်ပြည့်စုံစုံ သိလာတဲ့ အခါမှာ ဒီအချစ်က ပျောက်ကွယ် သွားပါတယ်။
Romantic Love - ကြည်နှုးဆွတ်ပျံ့ဖွယ် ချစ်ခြင်း၊ ဂရုစိုက်မှု၊ အချင်းချင်း ဆွဲဆောင်မှု၊ လေးစားမှုတွေနဲ့ ပြည့်စုံတဲ့ အချစ် တစ်မျိုးပါ။
Infatuation - အရူးအမူး ချစ်ခြင်းလို့ ဘာသာပြန်လို့ ရပါတယ်။ စိတ်ကူးယဉ်မှု၊ ပြီးပြည့်စုံမှုက အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်ပါ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဒါမှမဟုတ် လှတပတ အရာဝတ္ထု တွေအပေါ် ထားတဲ့ အချစ် တစ်မျိုးပါ။ ဒါပေမယ့် တစ်ဦးတစ်ယောက် အကြောင်းပို ပြည့်ပြည့်စုံစုံ သိလာတဲ့ အခါမှာ ဒီအချစ်က ပျောက်ကွယ် သွားပါတယ်။
Romantic Love - ကြည်နှုးဆွတ်ပျံ့ဖွယ် ချစ်ခြင်း၊ ဂရုစိုက်မှု၊ အချင်းချင်း ဆွဲဆောင်မှု၊ လေးစားမှုတွေနဲ့ ပြည့်စုံတဲ့ အချစ် တစ်မျိုးပါ။
Eros - လိင်ပိုင်းဆိုင်ရာ တပ်မက်မှု ရမက် အားကောင်းတဲ့ ချစ်ခြင်းပါ။
Companionate Love - ဒါကတော့ သူငယ်ချင်း အချစ်ပါ။ အတူတူ ရှိနေချိန်မှာ နွေးထွေးမှု တွေနဲ့ ပြီးပြည့်စုံ စေပါတယ်။
Unconditional Love - သူကလွဲ ဖွဲနဲ့ဆန်ကွဲ ဆိုတဲ့ အချစ်မျိုးပါ။ ကြင်နာ ယုယမှု၊ ဂရုစိုက်မှု တွေက အားကောင်းလွန်း တာကြောင့် တခြားသူတွေက ဘယ်လိုပဲ လုပ်လုပ် အကောင်း မမြင်ဘဲ သူမှသူ ဖြစ်အောင် ကိုယ့်ကို ဆွဲဆောင်ထားတဲ့ အချစ်မျိုးပါ။
Conditional Love - ဘာရှိမှ၊ ဘာဖြစ်မှ စသဖြင့် တောင်းဆိုချက် တွေနဲ့ ချစ်တဲ့ အချစ်မျိုး ဖြစ်ပြီး အဲ့အချက် တွေကို အမြဲ ဖြည့်နေမှ တည်မြဲ မှာပါ။ ဥပမာ အရမ်း အစွန်းရောက်တဲ့ အခြေအနေ မျိုး ဖြစ်တဲ့ ကလေး နှစ်ယောက် အမေက လတိုင်း ပထမ ရတဲ့ စာတော်တဲ့ သားကိုပဲ ချစ်ပြီး မရတဲ့ နောက်တစ်ယောက်ကို လျစ်လျူရှု ထားတာမျိုးပါ။ ကိုယ့်တောင်းဆိုချက် မပြည့်ရင် ဒီအချစ်က ပျောက်သွား ပါတယ်။
Puppy Love - ကိုယ်နဲ့ ကောင်းကောင်း မသိတဲ့ သူတစ်ယောက် အပေါ် ဖြစ်ပေါ်လာတဲ့ ကလေးဆန်တဲ့၊ အပြစ်ကင်းတဲ့ ခဏတာ ယာယီ စိတ်ကစားတဲ့ အချစ်ပါ။
Maternal Love - ပြူစု ပျိုးထောင် မြေတောင်မြောက် စောင့်ရှောက် ပေးတဲ့ အမေတွေရဲ့ အချစ်၊ အဖေတွေ ကလည်း ဒီအချစ်မျိုး ပေးတတ် ပါတယ်။
Paternal Love - လမ်းညွှန် ပေးမှုတွေ၊ တစ်ခါတစ်ရံ အာဏာတွေပါ ပါတတ် ပါတယ်။ အပြင် လောကကြီး အတွက် အဆင်သင့် ဖြစ်အောင် လေ့ကျင့် ပြင်ဆင် ပေးတဲ့ မိဘတွေရဲ့ အချစ်ပါ။
Soulmate Love - ဘ၀ဆက်တိုင်း ပြန်လည် ဆုံတွေ့ရတဲ့ အချစ်မျိုး၊ ပါရမီ ဖြည့်ဘက်ပါ။ တော်တော် များများကတော့ ဒီအချစ်မျိုး ရှိတာကို မယုံကြည် ကြပါဘူး။
Spiritual/Divine Love - လူတိုင်း အရာတိုင်း ခံစားသိရှိ နိုင်တဲ့ ဘုရားက ပေးတဲ့ အချစ်။
Love of your country or patriotism - ကိုယ်မွေးဖွားရာ ကိုယ့်ဋ္ဌာနေကို ချစ်တဲ့စိတ်၊ ကိုယ့်နိုင်ငံရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ဖြစ်ပေါ်လာတဲ့ ခံစားချက်လို့ ပြောလို့ ရပါတယ်။
Self-Love - ကိုယ့်ကိုကိုယ် ချစ်တဲ့စိတ်၊ ကိုယ်ဘာလဲ၊ ဘာနဲ့ ထိုက်တန်တယ် ဆိုတာ သိပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထား လေးစားတဲ့ အချစ်၊ ကိုယ့်ကိုကိုယ် ကောင်းကောင်း မွန်မွန် တန်ဖိုးထား၊ ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး တခြားသူ တွေကလည်း ကိုယ့်ကို လေးစားမှု ရှိဖို့ မျှော်လင့် ပါတယ်။
Brotherly Love - ကိုယ့်အနီး ပတ်ဝန်းကျင်က လူတွေ အားလုံးကို ချစ်တဲ့ အချစ်၊ လူတိုင်းက ဒီမိသားစု အကြီးကြီးရဲ့ တစ်စိတ်တစ်ပိုင်းလို့ လက်ခံ ထားတဲ့ လူသားဆန်တဲ့ အချစ်။
Tough Love - လူတစ်ယောက်ကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒကြောင့် အတားအဆီး ထားရှိပြီး ပိတ်လှောင် ထားတဲ့ အချစ်မျိုးပါ။ ဥပမာ- ဆေးစွဲနေတဲ့ လူတစ်ယောက်ကို သူ့မိဘတွေက ဆေးပြတ်ချင်တဲ့ စိတ်ကြောင့် သူမသွား ချင်ပေမယ့်လည်း အတင်း ဆေးဖြတ်တဲ့ နေရာကို ပို့တာမျိုးပါ။ ကောင်းစေ ချင်တဲ့ စိတ်ကို အရင်းတည် ထားတဲ့ အချစ်ပါ။
ဒီအချစ် ၁၅မျိုးက စိတ်ပညာရှင် တစ်ယောက် ဖြစ်တဲ့ Dr. Paulette Kouffman Sherman ကသူမရဲ့ အတွေ့အကြုံ တွေအရ ကောက်ချက် ဆွဲထားတာ ဖြစ်ပြီး ကျန်တာတွေလည်း ရှိနိုင်ပါ သေးတယ်။ ကိုယ်ထပ်ထည့် ချင်တဲ့ အချစ် အမျိုးအစားတွေ ရှိသေးရင်လည်း အောက်မှာ comment ပေးထားခဲ့လို့ ရပါတယ်။
No comments:
Post a Comment