မိုးစက်ကြွေချိန် သစ်ပန်းတွေဝေ
မြူးထူးကာ သီးပွင့်ကြ
သွေ့ခြောက်ရာမှ စိမ်းစိုတယ်
လေညှင်းဝှေ့ချိန် ကျေးငှက်တေးကျူ
လွတ်လပ်ပျော်မြူး
အာကာတစ်ခွင် ၀ဲပျံကြတယ်
အော်...... သွေ့ခြောက်တဲ့ ငါ့ဘဝ
ဘယ်ခါမှ စိမ်းစို ဖူးညွန့်တွေဝေမှာလဲ.............။
( ၁၃-၈-၂၀၁၃ ရက်နေ့ စာသင်ခန်းတွင် ခံစားသီဖွဲ့ ပါသည် )
No comments:
Post a Comment