Blogger Widgets Blogger Widgets

Pages

Thursday, August 1, 2013

အရေပြား ပြဿနာ အဖြေရှာ


Friday, July 26, 2013

လေ့ကျင့်ခန်း လုပ်တာက ဝက်ခြံ မပေါက်အောင် ကာကွယ်ပေး နိုင်သလား။

လေ့ကျင့်ခန်း လုပ်တာကြောင့် အကျိုးကျေးဇူး များစွာ ရရှိစေ နိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းမွန်တာ၊ ကိုယ်ခန္ဓာ ပုံပန်း သဏ္ဌာန် ကြည့်ကောင်း တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ စတဲ့ ကောင်းကျိုး တွေကို ပေးစွမ်း နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် ရှိပြီးသား


ဝက်ခြံတွေကို ပျောက်စေသလား ဆိုတာ မသိသေး ပေမယ့် ဝက်ခြံကိုတော့ ပိုမဆိုး စေပါဘူး။ လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးစီး ဆင်းမှုကောင်း မွန်ပြီး ချွေးပေါက်ေ တွကို ပွင့်စေကာ စိတ်ဖိစီးမှုကို လျော့ကျ စေ တာေ ကြာင့် နောက်ထပ် ဝက်ခြံတွေ ထွက်မ လာအောင် ကာကွယ် ပေးနိုင်ပါတယ်။
လက်သည်းတွေမှာ ကန့်လန့်ဖြတ် အစင်းတွေ ပေါ်ပြီး လက်သည်း ထိပ်တွေ ဆိုးဆိုး ရွားရွား ကွာကျ နေပါတယ်။ ဘာဖြစ်နိုင် ပါသလဲ။

လူတစ်ယောက်ရဲ့ လက်သည်းမှာ အပြောင်း အလဲဖြစ်တာက ခန္ဓာကိုယ် ကျန်းမာရေးအခြေအနေ ပြောင်းလဲတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ လက်သည်းတွေမှာ အစင်းကြောင်းတွေ ဖြစ်ပြီး ပွန်းပဲ့ တာက ကူးစက်ပိုးဝင်တာ၊ အာဟာရချို့တဲ့တာနဲ့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်း ကိုရှာဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အရေပြားမှာ အမာရွတ်တွေ သိသိသာသာ တွေ့နေရပါတယ်။ လျော့ပါးအောင် ဘယ်လို လုပ်သင့်ပါသလဲ။

အမာရွတ် ပျောက်ဆေး ခရင်မ်ကို လိမ်းပေးရင် တဖြည်းဖြည်းနဲ့ အမာရွတ် အရောင် ဖျော့သွား ပါလိမ့်မယ်။ အမာ ရွတ်က လုံးလုံး ပျောက်သွားတာ မျိုးတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ အဲဒီလို ဖြစ်ချင်ရင် အရေပြား အထူးကု ဆရာဝန်နဲ့ ပြပြီး လေဆာ နည်းနဲ့ ကုသမှု ခံယူဖို့ လိုအပ် ပါတယ်။

စမတ်ကျကျ လမ်းလျှောက်ကြည့်ပါ


Friday, July 26, 2013

ချက်ကို ကျောရိုးဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင်၏ ဝမ်းဗိုက်
ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက်စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကိုလွှဲပါ။ တင်၊ပေါင်မှ
ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက်ပါ။ ပေါင်အတွင်း
ဖက်ကြွက်သားများကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့်
ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ။

ခါးကို မတ်၍ လျှောက်မိ စေဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်
သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်
အသွင်ကို ဆောင်စေပါမည်။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ။

ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ်
နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက်ပါ။ ဦးခေါင်း
အတွက် ခေါင်းပေါ်တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်းကလည်း ခေါင်း၏
အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ။


https://www.facebook.com/photo.php?fbid=608121775895131&set=a.572785052762137.1

No comments:

Post a Comment