Blogger Widgets Blogger Widgets

Pages

Thursday, August 1, 2013

မှတ်ဥာဏ်ပိုကောင်းစေတဲ့ အသားနဲ့အသည်း


Wednesday, 31 July 2013

ကာလကြာရှည် သိုလှောင်ထား နိုင်တဲ့ မှတ်ဥာဏ် (long-term memory)
ဆိုတာ အသက်အရွယ်မရွေး လူသားတိုင်းအတွက် အရေးပါလှပါတယ်။

အဲဒီမှတ်ဥာဏ်ချို့ယွင်းသွား တဲ့သူဟာ ရှင်လျက်သေနေတာနဲ့ အတူတူပါပဲ။
လေ့လာမှုတစ်ခုမှာတော့ long-term memory ကို တိုးပွားရင့် သန်စေမယ့် အစားအစာတွေကို သုတေသနပြုထားနိုင်ပါတယ်။ ဒါက တော့ အမဲသား၊ တိရစ္ဆာန်တွေကရတဲ့ အသည်းတွေပဲဖြစ်ပါတယ်။



လေ့လာမှုကို စပိန်နိုင်ငံက Granada တက္ကသိုလ်၊ ဗင်နီဇွဲလား နိုင်ငံ SimonBolivar က တက္ကသိုလ်နဲ့ အင်္ဂလန်နိုင်ငံက York တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ဖော်ပြထား တဲ့ အသားနဲ့အသည်းမှာ ပါဝင်တဲ့ ကိုလင်းဆိုတဲ့ ဗီတာမင်ဘီအုပ်စုဝင် ကြောင့်ပဲ ဖြစ်တယ်ဆိုတာ သက်သေပြ
နိုင်ခဲ့ပါတယ်။

ကိုလင်း(choline) ဓာတ်ဟာ အာရုံစူးစိုက်နိုင်မှု၊ လေ့လာ နိုင်စွမ်းတွေကို အထူးကောင်းမွန်စေ တာ ဖြစ်ပါတယ်။သုတေသီများက ဖော်ထုတ်နိုင်ခဲ့တာ
ကတော့ ဘီတာမင် ဘီအုပ်စုဝင် ကိုလင်းကို ကိုယ်ဝန် ဆောင်ကာလ
နောက်ဆုံးသုံးလမှာ ကျွေးထားမယ်ဆိုရင် မွေးလာတဲ့က လေးငယ်တွေမှာ မှတ်ဥာဏ်ကောင်းမွန်တယ်ဆိုတာပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ကိုယ်ဝန်ဆောင် အယောက်၃၀ကို ရွေးချယ်ခဲ့ပြီး ကိုလင်းဓာတ်များတဲ့ အစားအစာ၊ ပုံမှန်အစားအစာနဲ့ ကိုလင်းမပါဝင်တဲ့ အစားအစာတွေကို အုပ်စုခွဲခြား ကျွေးမွေးခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေအားလုံးထံကနေ
သွေး နမူနာတွေ ရယူခဲ့တဲ့အပြင် မွေးဖွားလာတဲ့ ကလေးငယ်တွေကိုလည်း ဥာဏ်ရည်ဖွံဖြိုးမှု ကိန်းညွှန်းနဲ့ တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သုတေသီတွေက ကိုယ်ဝန် ဆောင်ကာလမှာ ကိုလင်းပါဝင်တဲ့ အမဲသား၊ အသည်းစတာတွေကို စား သုံးပေးတဲ့ မိခင်တွေက မွေးဖွားတဲ့ ကလေးငယ်တွေသာလျှင် မြင့်မားတဲ့ long-term memory ကို ပိုင်ဆိုင် တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အခုလေ့လာမှုကို Journal of Nutritional Neuroscience မှာ ဖော်ပြထားတာဖြစ်ပါတယ်။

https://www.facebook.com/photo.php?fbid=450332725064564&set=a.3510477149930

No comments:

Post a Comment