Blogger Widgets Blogger Widgets

Pages

Sunday, August 4, 2013

စိုးသူ - မွေးရပ်မြေတောင်တွင်းကြီးမြို့က ချစ်စရာကောင်းတဲ့မြို့လေးပါ


Tuesday, June 04, 2013

ကျွန်တော့်ရဲ့မွေးရပ်ဇာတိမြို့ က တောင်တွင်းကြီးမြို့ကပါ။ ဘာ ဖြစ်လို့လဲဆိုတော့ (၂)နှစ်သား လောက်တည်းကစပြီး တောင်တွင်း ကြီးမြို့ကနေပြောင်းသွားခဲ့တာဆို တော့ သိပ်မမှတ်မိတော့ဘူး။

ဒါပေ မဲ့ ကြီးလာတဲ့အခါမှာ သီချင်းဆိုဖို့ အတွက် မွေးရပ်မြေကို ပြန်ရောက် ခဲ့ပါတယ်။ အဲဒီချိန်မှာ ကိုစိုးသူက စီးရီးခွေတော်တော်များများနဲ့ ရုပ် ရှင်သရုပ်ဆောင်သက်တမ်းလည်း တော်တော်ရနေတဲ့အချိန်အခါဖြစ် နေပြီပေါ့။ အဲဒီချိန်မှာ ကျွန်တော့် ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင် တွင်းကြီးမြို့မှာ စတိတ်ရှိုး ပြန်ဆိုဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး ကိုစိုးသူရဲ့မွေးရပ်မြေကို ကြီးပြင်းမှ ရောက်ဖြစ်ခဲ့တဲ့အချိန်ပေါ့။ တောင် တွင်းကြီးမြို့က အင်မတန်ချစ်စရာ ကောင်းတဲ့မြို့လေးတစ်မြို့ပါ။

ကျွန် တော့်ဖေဖေနဲ့မေမေက အစိုးရ၀န် ထမ်းတွေဆိုတော့ နယ်တွေပြောင်းရ တာများပါတယ်။ တောင်တွင်းကြီး မြို့မှာ ကျွန်တော့်ကိုမွေးပြီး (၂) နှစ်သားလောက်အထိပဲနေခဲ့ပါ တယ်။ တောင်တွင်းကြီးသားဖြစ်ရ တာကို အင်မတန်ဂုဏ်ယူပါတယ်။ ပညာရှိအကျော်အမော်တွေဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရတို့လို အလွန်ထူး ခြားတဲ့ပုဂ္ဂိုလ်ကျော်တွေထွက်တဲ့မြို့ မှာမွေးရတဲ့အတွက် အဲဒီမြို့သား အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူ မိပါတယ်။

မိဘပြည်သူပရိသတ် တွေကို လေးစားချစ်ခင်စွာဖြင့် ကျေးဇူးတင်လျက်ပါလို့ နှုတ်ဆက်ပါ ရစေ။
ကလောင် - ထွန်းမြင့်ဇော်

8 DAYS A WEEK ENTERTAINMENT

https://www.facebook.com/photo.php?fbid=583816811658961&set=a.572785052762137.1

No comments:

Post a Comment