VZO PORTABLE & အကောင့် ဖွင့်နည်း
အမည်မသိ: Bro...
ခင်ဗျာ....ကျွန်တော်ဖွင့်ကြည့်တာ.....နည်းလမ်းတွေလားဘာတွေလားတော့
ဖတ်မရလို့ကျွန်တော်မသိပါဘူး........အဆင်ပြေမယ်ဆိုရင် မြန်မာလိုမြင်ရအောင်
အရင်လုပ်ပေးစေချင်ပါတယ်။။
Bro ကိုအလုပ်ရှုတ်အောင် တောင်းဆိုမိတဲ့အတွက်တော့ တောင်းပန်ပါတယ်ခင်ဗျာ.........
Bro ကိုအလုပ်ရှုတ်အောင် တောင်းဆိုမိတဲ့အတွက်တော့ တောင်းပန်ပါတယ်ခင်ဗျာ.........
ကျွန်တော်တကယ်မလုပ်တတ်လို့ပါ..
လုပ်တတ်ကြမယ်ထင်လို့ ရေးမပေးဖြစ်တာပါ ... တကယ်တမ်း လွယ်ပါတယ်...။
Install ပြီးလို့...
အောက်ကပုံလေးအတိုင်းပေါ်လာရင် ....
အကောင့်ဖွင့်ဖို့ မျှားပြထားတဲ့ Get your VZOchat ID ဆိုတဲ့နေရာကို နှိပ်လိုက်ပါ.....
အဲ့ဒီနေရာကို တန်းရောက်သွားပါလိမ့်မယ် (1) မှာ ကိုယ်ပိုင် နာမည်တစ်ခုခု ရေးထည့်ပါ (နာမည်တူတွေရှိရင် အောက်က အနီရောင်လေးနဲ့ ပြနေပါတယ်.. တကယ်လို့ နီနေရင် ကိုယ်မှတ်မိလွယ်တဲ့ အခြား နာမည် တစ်ခုခု ထပ်ရေးထည့်ပါ)
(2) မှာ မိမိသုံးနေတဲ့ Email လိပ်စာကို ရေးထည့်ပါ..။
(3) နဲ့ (4) မှာ Password နှစ်ခုစလုံး တူအောင် ရိုက်ထည့်ပေးပါ (မှတ်ထားပေါ့ဗျာ အဲ့ဒီ Password နဲ့ Loginဝင်ရမှာဆိုတော့)
(5) (6) (7) တွေကတော့
လိင် ယောက်ျား၊မိန်းမ, နေထိုင်ရာ နိုင်ငံ,ကိုယ်နေထိုင်ရာ မြို့အမည်တွေကို
ရွေးပေးရမှာပါ အမှန်ထည့်ရင်လည်းရသလို မမှန် မကန်ထည့်ရင်လည်းရပါတယ်...။
(8) မှာ အမှန်ခြစ်လေး တပ်ပေးပါ (9) ကို နှိပ်ပြီး Register လုပ်ပေးလိုက်ပါ..
နောက်ကျန်တာတွေကတော့ မိမိ သဘောအတိုင်း ဆက်သွားနိုင်ပါတယ် .. အကောင့်
ဖွင်ပြီး သုံးရုံလောက်ဆိုရင် ဒီလောက်နဲ့ လုံလောက်ပါပြီ.... ။
မိမိဖွင့်ထားတဲ့ VZO ဆီကို ပြန်သွားပြီး...
(1) ကိုနှိပ် (2) login ကတဆင့်...
စောစောက ဖွင့်ထားတဲ့ VZOchat ID နာမည်နဲ့ Password ကို ရိုက်ထည့်ပေးပြီး OK ကိုနှိပ်လိုက်ရင် တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ ဘယ်လေက်ဝေးဝေး အင်တာနက်ရှိရုံနဲ့ အရုပ်ချင်းကြည့်ပြီး စကားပြောနိုင်ပါပြီ....။





No comments:
Post a Comment