Blogger Widgets Blogger Widgets

Pages

Tuesday, July 9, 2013

လူခန္ဓာ့ပေါ်မှာ ဆွဲသည့် သက်ဝင် ပန်းချီများ


( ခုတစ်လော ကျနော်တို့ တစ်ကျောင်းလုံး မျှသုံးနေရတဲ့ ကွန်နက်ရှင်ကြီးက လိုင်းတစ်အားကျနေပါတယ်... ပို့စ် တစ်ခုတင်နိုင်ဖို့ အချိန် အတော်ကြီးပေးနေရပါတယ်...ရှေ့က photo effect ပို့စ်လည်း လိုင်းမကောင်းတာနဲ့ တစ်ဝက်ဘဲ တင်နိုင်တာကြည့်တော့...ကျနော် ပို့စ် တွေ (၂) ရက်ဆိုက်တိုက် မတင်နိုင်ခဲ့ တဲ့ အတွက်လည်း မိတ်ဆွေတို့ နားလည်ခွင့်လွှတ်ကြပါလို့ တောင်ပန်ချင်ပါတယ်.. herolisuguy)

ကမ္ဘာအတော်ဆုံး လူ့ခန္ဓာကိုယ်ပေါ်မှာ ပန်းချီဆွဲနိုင်သူအဖြစ် သတ်မှတ်ခံထားရသူ Johannes Stoetter မှ သဘာဝဆန်ဆန် ပန်းချီများကို လူသားများဆီမှာ ဖန်တီးပြီး ဆွဲသားထားပါတယ်...။
အသက် (၃၅) နှစ် ရှိသည့် Johannes ဟာ ပန်းချီကားများကို ပန်ချီးဆွဲသည့် canvas ပေါ်မှာ ဆွဲသားရာမှ လူသားတို့က အရေအပြားပေါ်မှာ ဆွဲသားရန် စိတ်ကူးရရှိခဲ့ပါတယ်။

ထိုသို့ လက်ရာပြောင်မြှောက်သည့် ပန်းချီကားများ ဆွဲသားရန် အချိန် (၅) လ ကြာအောင် လေ့ကျင့်ခဲ့ရပါတယ်။
အီတလီနိုင်ငံသား Johannes ဟာ အချိန်အားဖြစ် (၂၀၀၀) ခုနှစ် ၊ သူ့အသက် (၂၃ )နှစ်အရွယ် ချိန်လောက်က စပြီး လူသားအရေးပြားပေါ်တွင် ပန်းချီဆွဲဖို့ စိတ်ကူးရရှိလာပြီး စတင်ဖန်တီးခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။

ထို့နောက် သူဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်ရန် စိတ်ဓာတ် တက်ကြွခဲ့ပြီး အရောင်၊အသွေးစုံလင်သည့် ပန်းချီကားများကို ပုံစံကွဲပြားသည့် လူများ၊ ပုံစံကွဲပြားသည့် အရောင်အသွေး၊ပုံစံကွဲပြားသည့် လှုပ်ရှားမှု သဏ္ဍန်များဖြစ် စတင်ကာ ဖန်တီးခဲ့ပါသည်..။
ထိုပန်းချီကားများ ဖန်တီးရာတွင် သူ့အတွက် ငွေကြေးတစ်စုံတရာ ရရှိရန် မျှော်လင့်ချက် မရှိသောလည်း သူ့ဝါသနာ ၊ သူ့စိတ်ကူး တို့ကို နှစ်သက်စွာ ဖန်တီးလိုသည့် ဆန္ဒနှင့်သာ ဖန်တီးခဲ့ပါသည်...။

Johannes ဖန်တီးခဲ့သည့် သဘာဝ ပန်းချီများကို ဆက်လက်ရှုစားကြပါစို့....။
















No comments:

Post a Comment