Blogger Widgets Blogger Widgets

Pages

Friday, July 26, 2013

ဘုရားသခင်၏ဆုလဒ် (သို့) ကျနော့၏ နံရိုးတစ်ချောင်း



(၁၅၀၀) အချစ်ဆိုတာ အဲဒီအချစ်မင်းသား/မင်းသ္မီး အတွက် ပြင်းပြတဲ့ ပူလောင်မှုကို ခံစားစေတယ်.. ဒါပေမဲ့လို့ သင်ဟာ ကောင်မလေးတစ်ယောက်ကို ဘာအခွင့်အရေးအတွက်မှ မျှော်လင့်မထားဘဲ အဖြူစင်ဆုံး သနားဂရုဏာ ထားမိပြီဆိုရင် ဝေးနေသည်ဖြစ်စေ.. နီးသည်ဖြစ်စေ  .. အရာရာဟာ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ကျေနပ်မိနေမှာပါ... 
အချိန်တိုင်း သူ့အကြောင်း စဉ်းစားပြီ သူမအတွက်အကောင်းဆုံးဆိုတာတွေအတွက် ပြင်ဆင်နေမိမှာပါ.. 
 ရောက်တဲ့ နေရာတိုင်း/ အချိန်တိုင်းမှာ သူမဟာ သင့်အနားမှာ ရှိနေသလိုဘဲ ခံစားနေရမှာပါ..
အဲလိုပါဘဲ....
       သူမအပေါ်ထားတဲ့ သင့်ရဲ့ ချစ်ခြင်း ဂရုဏာ ဟာလည်း     သင့်အတွက် ကမ္ဘာမှာ အကောင်းဆုံး စံပြဇနီးတစ်ဦး ယူဆောင်ပေးပါလိမ့်မယ်..... 


 

ကျနော် (၂၆) နှစ်မွေးနေ့ တုန်းက ၀က်ခြေထောက်စွပ်ပြုပ် လုပ်ကျွေးတာ.. ခပ်တည်တည်နဲ့ သူဘဲ 
အုပ် (စား) ကုန်ရော


 



ဝမ်းနည်းရင် ဒီလိုမျက်လွှာလေးကို ချပြီ မျက်ရည်ဥတွေ ထန်းလျက်ခဲ အရွယ်လောက် ကျနေတတ်သူလေးပါ.. ( အဟုတ် ... အဲဒါနဲ့  ဘဲ ကျနော်လည်း သူ့ရှေ့  မှာ ဒူးထောက်ကျရော)

 



အဖေ့ရဲ့ မွေးရပ်မြေ စူဒျန့်ဒေသ သွားလည်တုန်းကပေါ... မလိုက်နဲ့ ဆို မရဘူး.. ကျနော့ရဲ့ အိတ်ဘဲသယ်ရသယ်ရလိုက်ချင်တယ်ဆိုတာနဲ့ ခေါ်သွားခဲ့ရတာ.... ( အီး... သူမသာ ဒီပို့်စ် ဖတ်လိုက်မိလို့ကတော့.. ဂိန်ဘဲ )


 




လိုက်ချင်တော့လည်း ခုလိုပုံလေးနဲ့ အဒေါ်အိမ်မှာ စားဖိုမ တာဝန်ယူရတာပေါ. ( ကျနော်က သူမအတွက် ငရုတ်သီးထောင်းကူနေရတယ်) . သနားမိပါတယ်.. အဒေါ်ကတော့ တစ်ပြုံးပြုံးနဲ့ သဘောတွေ တွေ့ပြီး အမေ့ဆီဖုန်းဆက် သတင်းပို့လိုက်ရော.. ကိန်..

 


ဒါကတော့ စိတ်တိုနေရင် မြင်နေရတဲ့ ဆရာမ စတိုင်လေးပါ.. အဲဒီချိန်ဆို မရဘူး. ကျနော်ထွက်ပြေးနေရတာပေါ့...( အဟုတ်ဗျ.. စိတ်နုသလောက်ကို ဒေါသထွက်လာရင်လည်း မလွယ်ဘူး .. ဒေါသခဲလေးဘဲ)



 

 

 


 





No comments:

Post a Comment