Blogger Widgets Blogger Widgets

Pages

Wednesday, July 17, 2013

ကျေးဇူးတရားထက်ကြီးမြတ်သော မိဘ မေတ္တာ



လူဘဝကြီးထဲ ရောက်ရှိလာတဲ့ ကျွန်တော်တို့ အားလုံး ထမင်းစားဖို့ အတွက်
အလုပ်လုပ်ကြရင် စားဖို့  ပိုလျှံပြီးဆိုပါက မိမိရဲ့ နေထိုင်မှုတွေအပေါ် အဆင့်အတန်းမြင့်မာလာအောင် ပိုတဲ့ ငွေနဲ့  လှလှပပ ဖြစ်လာအောင် ဝယ်ယူကြတယ်


ထို့ နောက် ပိုတဲ့ ပိုက်ဆံထဲက အလှူပြုကြတယ် မရှိဆင်းရဲသားများကို ပေးဝေမျှရင် လူဘဝကြီးထဲမှာ ပျော်ရွှင်ကြည်နူး ပီတိဖြစ်ကာ တနေ့ တာ ကုန်ဆုံးစေခဲ့တယ်


အိမ်အပေါ်မှာ ဘယ်လောက်ဆိုးဆိုး အပြင် ပတ်ဝန်းကျင်နဲ့ တော့ တည့်အောင် နေတက်ကြပါတယ်
ကိုယ်ရဲ့ အိမ်က ကိစ္စတခုလုပ်ခိုင်းတယ်ဆိုပါတော့
လုပ်တော့ လုပ်ပေးမယ် ဒါပေမဲ့ ဖေဖေဆိုလည်း ဖေဖေကလည်းဗျာ သားကြည့်ခိုင်းနေတာ စိတ်ညစ်လာပြီးလို့  ပြောတက်ကြတယ်
သားမှာ မလုပ်ဖူးတာ သားကို မသနားဘူးလား တယောက်ထဲမွေးထားပြီး ခိုင်းစားဖို့ ကြနေတာပဲ ဆိုတဲ့ ငြင်းပယ်မှုတွေ ပြောဆိုတက်ကြတယ်



စိတ်ထဲမှာတော့ အိမ်အပေါ် ဆိုးလိုက် နွဲ့ လိုက်ခြင်း ဖြစ်ပေမဲ့
ငြင်းပါများလာခဲ့ရင် မလုပ်ပေးတာတွေ များလာခဲ့ရင် ပျင်းတဲ့ စိတ်တွေ ဝင်လာပြီး ကိုယ်ရဲ့ အိမ်က ခိုင်းတာကို ဘာမှာ မလုပ်ပေးချင်တဲ့ စိတ်တွေ ဖြစ်လာပြီး ကြက်တွန့် တက်တဲ့ စိတ်နဲ့  အိမ်အပေါ်မှာ ဗိုလ်ကြနေပြီးပေါ့


မိဘတွေကတော့ ဘာဆိုဘာမှာ အပြစ်မမြင်ကြပါဘူး သို့ သော် တကယ်လက်တွေ့  လူဘဝကြီးထဲမှာ တယောက်ထဲ နေထိုင်ရတဲ့ အချိန်မျိုးတွေ ရှိလာခဲ့ရင် မလုပ်ချင်ဘူး မသွားချင်ဘူး မစားချင်ဘူး ဆိုတဲ့ ဘူးတွေ သုံးခွင့်မရတော့ဘူးနော်


ကျွန်တော်တို့  သားသမီးတိုင် ငြင်းနေကြဖြစ်တဲ့ စိတ်လေးကို နည်းနည်းလောက် ပြင်ကြပြီး ကိုယ်မိဘ ခိုင်းသော အလုပ်များကို လုပ်ကြည့်ရအောင်ဗျာ


မိဘဆိုတာ ကိုယ်ရဲ့ သားသမီးတွေအပေါ် ဘယ်လောက် ချစ်မြတ်နိုးတယ် မေတ္တာထားတယ်ဆိုတာ သူငယ်ချင်းတို့ ကို ပြောပြစရာတောင် မလိုလောက်ပါဘူး ကိုယ်ရဲ့ မိဘအကြောင်း ကိုယ်သာလျှင့် အသိဆုံးမို့  မိဘကျေးဇူးမဆပ်နိုင်ရင်တောင
ကျွန်တော်တို့  သားသမီးတွေ အားလုံး မိဘကျေးဇူးကိုမစော်ကားမိအောင် နေထိုင်ကြရင် မိဘ စကားနားထောင်သော သားသမီး အလိမ္မာဖြစ်လာအောင် ကြိုးစားကြပါစို့ 



K2
ဗဟုသုတဘဏ်

https://www.facebook.com/photo.php?fbid=561543840553936&set=a.445129605528694.1

No comments:

Post a Comment