ဖေဖေ့ ဇာတိ တရုတ်ပြည် စူဒျန့်ဒေသကို အလည်သွားတုန်းက အပြန်မှာ ရိုက်ထားတဲ့ ဓါတ်ပုံပါ..
ဖေဖေ့ဇာတိကို အလည်သွားမယ်လို့ပြောတော့ ပစ္စည်းတွေပြင်ကာ သွားမယ်တစ်ကဲကဲ လုပ်နေသော ညီမလေး....
လုပ်ချင်တာကို မျက်လွှာလေးချ ငိုမဲ့မဲ့ ကလေးတစ်ယောက်လို ပူဆာ ပြီး မရမက လုပ်တတ်သော ညီမလေး ...
သြော် .... ဘာကို မှ မေ့လို့မရသေးပါဘူး ညီမလေးရယ်...
မြူတွေစိုင်း မြင့်မားမတ်စောက်တဲ့ ဖေဖေ့ မွေးရပ်ဇာတိမှာ မျိုးဆက်သစ် ကျနော် ပြန်ရောက်လာခဲ့ပြီ...
မော်စီတုန်း ကွန်မြူနစ်ဝါဒ ရဲ့ ပြုပြင်ပြောင်းလဲရေးစနစ်ကြောင့် ရှိသမျှ ဥစ္စာတွေကို စွန့်လို့ အသက်ဘေးက
ထွက်ခွာလာခဲ့ရတဲ့ အဖိုးရဲ့ ဘေးမှာ အသက် (၁၀) နှစ် သား ဖေဖေ အားငယ်နေရှာ ရောပေါ့... ငယ်စဉ်က အိပ်ယာဝင်တိုင်း
ဖေဖေ ပြောပြတတ်တဲ့ တရုတ်ပြည်က ထွက်ခွာလာရတဲ့ အကြောင်းတွေ ၊ လမ်းမှာ စစ်သားတွေစောင့်ပြီး
ထွက်ပြေးကြတဲ့ အရပ်သားတွေကို ပစ်သတ်ပုံ .. အဲဒီတုန်းက ဖေဖေ့ကို ဖက်လို့ မျက်လုံးပေကလပ်ပေကလပ် နဲ့
နားထောင်ခဲ့ရပြီး ဂျူးတွေကို မောရှေက အီဂျစ်ကနေ ခေါ်ထုတ်လာပုံနဲ့ ဖေဖေ့အကြောင်းတွေဟာဖြင့် ရောထွေးလို့နေတယ်..
ခုတော့.. ဒီအကြောင်းတွေ တွေးမိတိုင်း ရင်မှာ စူးခနဲ့ နာကျင်ခံစားနေမိတယ်.. ဖေဖေ့ရဲ့ စူးနစ်နစ် ငိုကြွေးသံကို
ပြန်လည် ကြားနေရသလိုပါဘဲလား...
အိုး.............. အစ်ကိုရယ် ပန်းတွေ လှလိုက်တာ............. ညီမလေးရဲ့ အသံကြားမှ အတွေးကနေ ရုန်းထွက်လာမိတော့တယ်..
သြော်... ချွေးစက်ပေါက်ကြားမှ အပြုံးမျက်နှာလေးနဲ့ ညီမလေး... နုနှယ်လှတဲ့ ညီမလေး အစ်ကိုနဲ့ ခရီးထွက်ရတာ
အရမ်းပျော်တာဘဲလို့ ဆိုတတ်သူ ၊ ကြမ်းတမ်းတဲ့ ဘ၀လမ်းကို အစ်ကိုနဲ့ အတူ ရဲဝံ့ စွာ လျှောက်လှမ်းဖို့အသင့်ဆိုတဲ့ ညီမလေး..
အော်..ညီမလေးရယ်... အစ်ကို ညီမလေးကို ဘယ်တော့မှ ခွဲမသွားပါဘူး ဆိုတာ ကတိပေးပါတယ်ကွယ်..
ဒီလိုနဲ့ ရွာရောက်ရောက် ဖော်ရွေနွေးထွေးတဲ့ ဆွေမျိုးချင်းတွေကြားမှာ ပြုံးရွင်လို့နေတဲ့ ညီမလေး...
လီဆူးစကားမတတ်တဲ့ ညီမလေး.. အစ်ကိုဘာတွေပြောနေတာလဲလို့ ခဏဏ မေးရတော့ မောရော့မယ်..
နတ်ကိုးကွယ်ဆဲဖြစ်တဲ့ ဆွေမျိုးတွေက ရိုးရာအရ အရက်တစ်ခွက်သောက်ရမယ်ဆိုပြီး အတင်းတိုက်တော့ မျက်စိမျက်နှာပျက်နဲ့
မော့သောက်ခဲ့ရတဲ့ ညီမလေး ....အမှတ်တရတဲ့ ဆွေမျိုးတွေက ပျားခေါ်ဖွတ်ရာမှာ လိုက်ပါရင်း ပျားရယ်ထည့်ထားတဲ့ ဇလုံလေးကိုင်ကာ
က နေခဲ့တဲ့ ညီမလေး.. အစ်ကို ဒီစာရေးရင်း လွှမ်းလိုက်တာကွယ်.. ဒီလိုနဲ့ အစ်ကို ကျမ်းစာကျောင်း သွားမယ်လို့
ဆုံးဖြတ်လိုက်တော့ မသွားဖို့ အကြိမ်ကြိမ် တားမြစ်ခဲ့တယ် ညီမလေး ....နောက်ဆုံးတော့ တစ်ပတ်တွင် အနည်းဆုံး ဖုန်းတစ်ကြိမ် ဆက်ရန် ၊
တစ်ခြားမိန်းခလေးများနှင့် ဆက်ဆံခြင်းမပြုလုပ်ရန် စသည့် ကတိများ တစ်စာစာတောင်းရင်း သွားခွင့်ပေးခဲ့ရှာသော ညီမလေး..
သြော် ညီမလေးရယ်... အေးမြတဲ့ အစ်ကို့ရင်ခွင်ဟာ ထာဝရ ညီမလေး တစ်ယောက်အတွက်ပါဘဲကွယ်..
ဘယ်တော့မှ ခွဲမသွားတဲ့ ညီမလေးမူပိုင် Herolisuguy ပါကွယ်...
No comments:
Post a Comment