Blogger Widgets Blogger Widgets

Pages

Wednesday, July 3, 2013

ကန်စွန်းဥ၏ ကောင်းကျိုးနှင့် စားသောက်ရန် ပြင်ဆင်နည်း

 
ကန်စွန်းဥတွင် ပရိုတင်းများ၊ အမျှင်ဓါတ်များ၊ သွေးကြောထောက် ပံ့အာနိသင်
ရှိသော ဘီတာကယ်ရို တင်း၊ သွေးပေါင်ထိန်းပေးသော ပို တက်ဆီယမ်၊ ဓါတ်တိုးဆန့်ကျင်အာနိ သင်ရှိသော ဗိုက်တာမင်စီနှင့် ဗိုက်တာမင်အီးတို့
ပါဝင်သည်။ ကန်စွန်းဥ သည် အာလူးနှင့်မျိုးနွယ်တူဖြစ်သော်လည်း အာလူးနှင့်
မတူသည့်အချက် မှာ ကန်းစွန်းဥကြောင့် သွေးတွင်း အချိုဓါတ်မြင့်တက်ခြင်း မရှိပေ။ ကန်စွန်းဥခပ်ကြီးကြီးတစ်လုံးတွင် (၁၁၇) ကယ်လိုရီသာပါသည်။

ကန်စွန်းဥကို ရေစင်အောင် ဆေး၍ မိုက်ကရိုဝေ့ဗ်မီးဖိုထဲတွင် (၈)မိနစ်ခန့် အပူပေးထားပါ။ ထို့နောက် သံလွင်ဆီအနည်းငယ်နှင့် နယ်ပါ။ ကန်စွန်းဥကို အစိတ်များစိတ်ပြီး အစိတ်တိုင်းကို သံလွင်ဆီနယ်၍ အပူချိန် ၄၅၀ ဒီဂရီတွင်
ထားပါ။ ထို့နောက်သံလွင်ဆီရောထားသော ကန်စွန်းဥအစိတ်များကို အရသာ
ပြည့်ဝစွာ စားသုံးနိုင်မည်ဖြစ်ပါသည်။

ကန်စွန်းဥအရသာရှိစွာစားသုံးနိုင်ရန် နောက်တစ်နည်းမှာ ကန်စွန်းဥကို အစိတ်များစိတ်၍ သံလွင်ဆီသုံး ဇွန်းနှင့်ရောပြီး စတီးဗန်းပေါ်၌ နူးလာသည်
အထိမိနစ်(၂၀) ခန့်မီးဖုတ်ပါ။

၎င်းတို့ထက် ပို၍အရိုးရှင်းဆုံးနည်းမှာ ကန်စွန်းဥကို ရေလုံပြုတ်ပြီး သံလွင်
ဆီနှင့် နယ်စားနိုင်ပါသည်။

ဇော်ကို
Source:RD
Health Updates Journal

https://www.facebook.com/photo.php?fbid=437154976382339&set=a.351047714993066.76

No comments:

Post a Comment