Blogger Widgets Blogger Widgets

Pages

Wednesday, July 24, 2013

လက်ဖက်ရည်ကြမ်း အလွန်အကျွံ သောက်သုံးပါက ပုံမှန် မဟုတ်သော အရိုးရောဂါများ ခံစားရနိုင်



အမေရိကန်နိုင်ငံ မီချီဂန် ပြည်နယ် ဒန်းထရွိုက်မြို့တွင် အသက် ၄၇ နှစ်ရှိ အမျိုးသမီး တစ်ဦးသည် နှစ်ပေါင်း ၁၇ နှစ်ဆက်တိုက် တစ်နေ့လျှင် ရေနွေးတစ်အိုးအား လက် ဖက်ခြောက် အထုပ် ၁ဝဝ ထည့်၍ နေ့ စဉ် သောက်သုံးမှုကြောင့် အမေရိကန် နိုင်ငံတွင် ရှားရှားပါးပါး တွေ့ကြုံရသည့် အရိုးရောဂါ တစ်မျိုးအား ခံစားခဲ့ရသည်။

၎င်းသည် ကျောရိုး၊ လက်မောင်း၊ ခြေထောက်များနှင့် တင်ပါးဆုံရိုးများ နာကျင်မှုအား ငါးနှစ်ကြာ ခံစားခဲ့ရပြီး နောက် ဆရာဝန်နှင့် သွားရောက် ပြသခဲ့သည်။ ဟင်နရီဖို့ဒ် ဆေးရုံမှ ဒေါက်တာ Sudhaker D.Rao သည် ၎င်းအား ဓာတ်မှန်ရိုက် ကြည့်သည့်အခါ ကျောရိုးမကြီးရှိ အဆစ်များတွင် အရိုး သိပ်သည်းစ များပြားပြီး လက်မောင်းရှိ အရွတ်များမှာ ထုံးဓာတ်များ ပြားလျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရေနှင့်လက်ဖက်ရည် ကြမ်းတို့တွင် တွေ့ရှိရသော ဖလိုရိုဒ်ဓာတ်များ များပြားစွာ သုံးစွဲမှုကြောင့် အရိုးရောဂါ တစ်မျိုးဖြစ်သည့် Skeletal Fluorisis ရောဂါ ဖြစ်ပွားနေကြောင်း လေ့လာ တွေ့ရှိခဲ့ကြသည်။ ၎င်း၏ သွေးအတွင်းရှိ ဖလိုရိုဒ် ပမာဏမှာ သာမန် လူများထက် လေးဆခန့်များ နေပါသည်။


 ထိုရောဂါသည် သောက်သုံးရေတွင် ဖလိုရိုဒ်ဓာတ် များပြားစွာ ပါဝင်သည့် အိန္ဒိယနိုင်ငံရှိ ဒေသအချို့နှင့် တရုတ်နိုင်ငံ တို့တွင် အများဆုံး ဖြစ်ပွားလေ့ရှိပြီး ဥရောပနှင့် မြောက်အမေ ရိကတွင် မရှိသလောက် နည်းပါးကြောင်း သိရသည်။ ပုံမှန်အားဖြင့် ကျောက်ကပ်သည် ပိုလျှံသော ဖလိုရိုဒ်များအား ဖယ်ရှားပေးပြီး ၎င်းအမျိုးသမီးကဲ့သို့ လက်ဖက်ရည်ကြမ်း အလွန်အကျွံ သောက်ခြင်းကြောင့် အလွန် များပြားလှသော ဖလိုရိုဒ်များ အား ကျောက်ကပ်မှ မဖယ်ရှား ပေးနိုင်တော့ပဲ အရိုးများအတွင်း အနည်ထိုင် လာခြင်းဖြစ်ကြောင်း ဒေါက်တာ Rao က ပြောကြားခဲ့သည်။ ၎င်းအမျိုးသမီးသည် တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း တစ်ဂါလန်ခန့် သောက်သုံးခဲ့ကြောင်း ဒေါက်တာ Rao က ပြောကြားခဲ့ပြီး ၎င်း၏ ရောဂါဝေဒနာ လက္ခဏာများ သက်သာလာပါက လက်ဖက်ရည်ကြမ်း အား မသောက်သုံးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ အနည်ထိုင်နေသော ဖလိုရိုဒ်ဓာတ်များသည် အရိုးများ၏ ပြုပြင် ပြောင်းလဲမှုကြောင့် တဖြည်းဖြည်း ကွယ်ပျောက် သွားမည်ဖြစ်ပြီး ၎င်း ဖြစ်စဉ်သည် လူ့ခန္ဓာကိုယ်တွင် မကြာ ခဏဖြစ်ပွားနေကြောင်း သိရသည်။

https://www.facebook.com/photo.php?fbid=423689091062261&set=a.351047714993066.7









No comments:

Post a Comment