ပြောရတော့ခက်ပါ့အမောင်ရာ Google မှာရိုက်ရှာလိုက်ရင်တွေ့ ပါတယ်
ဒါပေသည့် သို့ ပေမယ်လို့ မပြောမပီး မတီးမမြည်ဆိုသလိုပ ပြောရအုံးမယ်ပေါ့
ဘလော့ဂါဆိုတာဘာလဲလို့ မေးတာလားဘလော့ဆိုတာဘာလည်းလို့ မေးတာ
လား ပြန်ကြည့်လိုက်အုံး .အင်းတွေ့ ပီဘလော့ဂါဆိုတာ ဘာမှမဟုတ်လောက်
ပါဘူးအလားကားရတော့ဟိုလူလုပ်ဒီလူလုပ် ဆိုတော့အလကားရတော့ ထလုပ်
ကြတာနေမှာ လုပ်ခါစကတော့တရေးနိုး လမ်းထပီး လျှောက်သလိုစမ်းတ၀ါးဝါး
ပေါ့ဗျာ မွေးကာစကလေးလိုပဲ ဘယ်သူမှမသိကြပါဘူး နောက်တော့ကြိုးစားရင်
ကြိုးစာသလို နာမည်ရလာ သိလာကြီးလာအောင်မြင်လာကြတာပါ ဘလော့ဂါ
ဆိုတာ မဒိုးကန်ပြောသလိုပဲ ပိုက်ဆံမရပဲ ဂျီးဒေါ်နွား အလကားကျောင်းတဲ့သူ
တွေလေ စာရေးတာ အအိပ်ပျက်တယ် အစားပျက်တယ် အကုန်ပျက်ရ တာ
ပါပဲ ဘလော့လုပ်ထဲက ကောင်းကောင်းမအိပ်ရဘူး လုပ်နိုင်တဲ့ဘလော့ဂါတွေ

အကုန်လုံး အလေးပြုသင့်ပါတယ် ဘလော့ဆိုတာ ဘာလဲ .......လို့ မေးတဲ့သူ
အတော်များပါ တယ်အရှင်းဆုံးပြောရရင်ကွာ ဘလော့ဆိုတာ မြန်မာပြည်မှာ
ဂျာနယ်အလကားထုတ်ပီး လမ်းဘေးပုံထားသလိုပါပဲလို့  ဘာမှမရဘူးဖတ်ချင်
တဲ့သူဖတ် မဖတ်ချင်လည်းနေပေါ့လို ဟုတ်ဘူးလား အလကားထုတ်ရတာလေ
ဝါသနာအရ ဘာမှပြန်မရဘူးတချို့ ဝါသနာတအားကြီးသွားတော့ အလကားမ
ဟုတ်ကြတော့ဘူ ဒိုမိန်းတွေနဲ့ လေပိုက်ဆံ ကုန်တာပေါ့ နောက်တူတာရှိသေး
တယ် ဘလော့ဆိုတာ ရေဒီယိုလှိုင်းလွှင့်သလိုပါပဲလို့ ကိုယ့်ပိုင်လိုင်းကနေလွှင့် 
ချင်ရာလွှင့် မယ် နားထောင်ချင်တဲ့သူ ထောင်မယ် သိချင်မှ သိမယ်ပေါ့ တစ်ခါ
တလေ နားဆင်သူက လျှောက်လှည့်ရင်းနဲ့  ကိုယ့်ရဲ့လိုင်းကိုမိမယ် နားထောင်
ကောင်းရင်ထောင်မယ် ထောင်မကောင်းရင် နောက်တစ်လှိုင်းပြောင်းမယ်ပေါ့
အဲ့လို..အဲ့လို ဒီတော့..ဘလော့ဂါဆိုတာ ဘာမှမရပဲ ၀ါသနာအရ လေလှိုင်းထဲ
မှာလွင့် တင်ထားတဲ့ အခမဲ့ရေဒီယိုလှိုင်းတစ်ခုပေါ့ ...အင်း..ဒီအမောင်လုပ်မှပဲ
ဘလော့ဂါတွေက လမ်းဘေးက အခမဲ့စာအုပ်ပုံလို..အလကားလွှင့်တဲ့လိုင်းဖြစ်
လိုဖြစ်ပေါ့ ..ရှိစေတော့ဟာ..သူများတွေလည်း ဖွင့်ဆိုနေကြတာပဲ မတူအောင်
တွေးမိတာလေးတွေ ဖွင့်တာပါ မမအိန်ဂျယ် ပြောထားသလို အနုပညာပန်းခင်း
ကြီးဆိုလည်း ဟုတ်နေတာပဲ ရသကတော့စုံမှ စုံ လွန်းလို့ ..ဟိဟိ ပြောမပြော
ချင်ဘူး တခါတလေ စုံတက်နေလို့  မနဲပြန်လာရတယ် တချို့ ဆို ဘလော့ဂါ
လောကမှာဒေါက်တာတွေ ဘာတွေနဲ့ ..သိတဲ့သူများ ကတော့ ငါးသလောက်
ပြုံးလေးပြုံးနေကြမှာပါ..အဲလို ..အဲလိုပဲ ..အမောင်တို့ ကတော့ မဟုတ်ရပါဘူး
နည်းပညာမျှဝေတာပါ ဘလော့ပေါ်ကဆိုတော့ နိုင်ငံပေါင်းစုံက လေ့လာလို့ 
ရတာပေါ့ တစ်ယောက်ထဲရေးတာနဲ့ အားလုံးဖတ်ကြရတယ် တစ်ခုထူးခြားတာ
လေးက ဘလော့ဂါရွာလေးဟာ အခုတလော တဂ်ပို့ စ် လေးတွေနဲ့  အရမ်းအ
ရမ်းလှ ဖလမ်း ဖလမ်းထ အိမ်ကရည်းစား နန္ဒာလှိုင်ထက်တောင်ချောနေသေး
တယ် အရမ်းကို နွေးထွေးတဲ့ .. နေရာလေးတစ်ခုပါဗျာ.......
ပျော်စေချင်လို့ သာတဂ်လိုက်ရချင်းဖြစ်ပါကြောင်း......
No comments:
Post a Comment