Blogger Widgets Blogger Widgets

Pages

Monday, July 22, 2013

အတွေးပုံရိပ်များ (၁)


ဘာမှကို နားမလည်ပါလား

မိုးဖွဲ့ဖွဲ့ မိုးစက်ပေါက်တွေနဲ့အတူ အေးမြမှုတွေဝန်းကျင်တစ်ခွင် လွှမ်းခြုံလျက်ရှိနေ ပါသည်။ နေမင်းကြီးခေါင်းပြူလာခဲ့တာ အချိန်အတော်ကြာပြီဆိုပေမဲ့ ချမ်းအေးနေဆဲပါ။ ဒို့ပေမဲ့ ရင်ထဲ အတွေးကမ္ဘာမှာတော့ ပူလောင်မှုတွေမီးတောက်တစ်ခုလို လောင်မြိုက်နေဆဲ။ မျက်လုံးကိုမှိတ် စုန်ကန်ကာ အတွေကိုမောင်းထုတ်နေမိပေမဲ့ ပျောက်ကွယ်မသွားဘူး.. ရင်ထဲက တစ်မြေ့မြေ့နဲ့ နင်ကျင်စေတဲ့ အတွေးတွေ.. ယောင်္ကျားတန်မဲ့ ကြူကြူပါ ငိုကြွေးလိုက်ချင်ပေမဲ့ စကားလုံးတွေတစ်ဆို့နေလေရဲ့... ဘုရားအတွက်  အလိုတော်တိုင်း ဆက်ကပ်ခဲ့ ဆိုပေမဲ့ လူသားဟာ လူသားပေမို့ မခံနိုင်တော့ဘူး... အဲဒီမှာပေါ့. အတွေးရဲ့တစ်နေရာမှာ  အိုမင်းဇရာချုံးလာတဲ့ ဖေဖေနဲ့ မေမေ.. အော်.... အိုမင်းလာပေမဲ့ ရုန်းကန်နေရဆဲ.. ငါ့သားအတွက်တဲ့ ရည်မှန်းချက်ကြီး  ဘ၀ဆုံးထိ ပေးဆပ်နေပါလား.. လက်မခံပါရစေနဲ့ .. အဖေအမေရဲ့ ချွေးစက်တွေနဲ့ တည်ဆောက်ထားတဲ့ အရာတွေ.. အဖေရယ်..အမေရယ်.. ကျေးဇူးပြုပြီး သားအတွက် မစဉ်းစားပါနဲ့.. ရပ်ပါတော့.. သားအတွက်ဆိုတာတွေ..သားမခံစားနိုင်တော့ဘူး. မဖြစ်ဘူး မျက်ရည်ဥတွေ ရစ်ဝဲမလာခင် အတွေးအိမ်မက်မှ ခုန်ထွက်လာမိတယ်.. အော်.. ငါ့ဘ၀ရယ် မဆုံးနိုင်တဲ့ စိတ်မွန်းကြပ်မှု ၀ဲဂယက်ကနေ ဘယ်ချိန်မှ လွတ်မြောက်နိုင်မှာလဲ.. ဘုရားရဲ့ ဂုတ်ဆွဲ တွဲခေါ်လာခဲ့ ပေးလို့ ကျမ်းစာကျောင်းသား တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ .. ကျနော်.. အတိတ်မှာ လွှင့်မျှောနေဆဲပါ.. ရယ်မောပျော်ရွှင်ခဲ့ကြတဲ့ ရယ်သံလေးတွေ.. မနေ့တစ်နေ့ကလို ကြားယောင်မိဆဲပါ.. အော်.. တော်ပါပြီ ဒီအတွေးတွေ အရာရာဟာ လားလားမျှ မသက်ဆိုင်တော့ ခုဘ၀နှင့် မသင့်လျှော်တော့.. အတွေးကိုစုစည်း.. အော် အတွေးမှာဘဲ ပြန်ရစ်ဝဲမိဆဲ ရုန်းမထွက်နိုင်.. ကလေးတစ်ယောက်လို နွဲ့ ဆိုးဆိုးသော ၊ စိတ်တိုရင် နှုတ်ခမ်းကို စူကာ အငိုလွယ်သော ၊ အစ်ကိုရေ ညီမလေး ဒီမှာ ရှာနေတာတွေအားလုံးက အစ်ကိုနဲ့ ညီမလေးတို့ အနာဂတ်အတွက်ပါ လို့ လူကြီးဆန်ဆန် အားပေးတတ်သော ညီမလေး ၊ပြန်လာပါတော့ အစ်ကိုရယ်လို့ ဖုန်းဆက်တိုင်း တစ်ဖွဖွ မှာနေတတ်သော ညီမလေး ၊ ကတိအတိုင်း တစ်ပတ်မှာ တစ်ကြိမ် ဖုန်းမဆက်ပေးရင် အအိပ်ပျက် အစားပျက် စိုးရိမ်နေတတ်သော ညီမလေး ၊ အစ်ကိုေ၇.. ဒီတစ်ပတ် ငွေဘယ်လောက်ဝင်တယ် လို့ ရိုးသားစွာ ပြောပြတတ်တဲ့ ညီမလေး ၊ သွားလာခဲ့တဲ့ နေရာတိုင်းကို တစ်လေးတစား ပြန်ပြောပြနေတတ်တဲ့ ညီမလေး.. အော်.. ဘယ်အရာကိုမှ ဥပက္ခာပြုစွန့်ခွာမသွားရက်ပါ.. ချစ်ခြင်းထက် သနားစိတ်တွေနဲ့ အခြေပြု အုတ်မြစ်ချခဲ့တဲ့ ကိုယ်တို့ရဲ့ အနာဂတ်လေးအတွက် ကိုယ်အမြဲ သစ္စာပြုတည်ဖွဲ့ နေမှာပါ.. အတွေးကမ္ဘာထဲမှာ ချစ်သူကို ကတိတွေအထပ်ထပ် ပေးနေမိဆဲမှာ ဂွီ ခနဲ့ အသံဟာ လက်ရှိ ပစ္စုပန် ရဲ့ ပြယုဇ်တစ်ခုပါဘဲလား..ကျောင်းဖွင့်ပြီး အားရပါးရ ၀လင်စွာ မစားခဲ့ရတဲ့ ၀မ်းတစ်ထွာလေးဟာ သနားစရာကောင်းလောက်အောင် တစ်ကြော်ကြော်ငိုကြွေး အစာများတောင်းလေရော့သလား..စာသင်ခန်းမှာ ဆာလောင်ခဲ့သမျှ ထမင်းစားခန်းထဲ ၀င်ရော အရသာမဲ့တဲ့ပေါ့ပျက်ပျက် ဟင်းခွက်ဟာ လှောင်ပြောင် ကြည်စယ်နေသလိုပါ..အော် ဖွယ်ဖွယ်ရာရာလေး ပြင်ဆင်ကျွေးမွေးတတ်တဲ့ ညီမလေး ရဲ့ ငါးခူချဉ်စပ် ကချင်ဟင်းအမယ်လေးကို သတိသရ တမ်းတမိတယ်.. သူများတွေလို ဟင်းမကောင်းလို့ ကဲန်တင်းဆိုင် သွားမ၀ယ်စားနိုင်ပါ.. အမှတ်တရ သိမ်းထားတဲ့ ပိုက်ဆံအိပ်လေးက ၅၀၀၀ ကျပ်တန် နဲ့ ၁၀၀၀ ကျပ်တန် အသစ်ချပ်ချွတ် ငွေလေးလည်း သုံးပြီးတာ ကြာရောပေါ့.. ဘာလိုလိုနဲ့ ငွေမမို့ တာ နှစ်လ ရှိလာပေမဲ့ ထပ်တောင်းဖို့ အားမရှိပါ.. ငွေလိုလား.. လိုအပ်ရင်ပြောနော်လို့ အမြဲတမ်း ပြောနေတတ်တဲ့ ကျေးဇူးရှင် အန်တီ ( အဓိက ထောက်ပံ့နေသူ) ရှိပေမဲ့ မတောင်းရက်ပြန်ပါ.. အန်တီခမျှာ အန္တာရယ် အထပ်ထပ်က ရွှေမှော်တောမှာ ဈေးဆိုင်လေးဖွင့် ချစ်ချစ်တောက် စုထားတဲ့ ငွေလေးကို မသုံးရက်ပြန်ဘူး.. အားအင်ဖြိုး အရွယ်ကောင်းကျနော်.. ဘာအတွက်နဲ့ များ အရွယ်အို အန်တီရဲ့ ငွေတွေ ယူသုံးရက်မှာလဲ... ကျောင်းအပ်ကြေးက လွဲ ရင် အပိုငွေ မတောင်းမိအောင် အမြဲ သတိပြုနေရတယ်.. ဒီလိုနဲ့ ခုဆို အပိုငွေ မသုံးမိအောင် နေတတ်နေပါပြီလေ (ညီမလေးဆီ ဖုန်ဆက်တာကလွှဲလို့ပေါ့ ) ..တစ်ခါတစ်ရံ သူတစ်ပါးကို အားကျ. ၀ယ်ချင် ၊ ၀တ်ချင် ၊ သုံးချင်လို့ အန်တီဆီ ငွေတောင်းဖို့ စဉ်းစားမိခဲ့ တာလည်း အခါခါပါ.. ဒါပေမဲ့ မလုပ်ဖြစ်ခဲ့ဘူး.. ဒီလို့ ခြောက်သွေ့ တဲ့ နေ့ရက်တွေ များစွာ ကျော်လွန်ခဲ့ပြီးပြီပေါ့.. ရင်မှာ အတွေးမှာ မွန်းကြပ်မှုတွေဟာ အချိန်တိုင်းပြည့်လျှံလို့ အားအင်များ ကုန်ခမ်းမတတ်ပါ.. သြော်.. ဒီတစ်ပတ် စနေနေ့ ချစ်သူဆီ ဖုန်းဆက်ဖို့ ဖုန်း ခ........ ဘယ်လိုလုပ်ရမလဲ.... အတွေးမှာ ဖုန်းအလာကို စောင့်နေရှာတဲ့ ညီမလေးရဲ့ မျက်နှာ .... ဟူးး......... တင်းကြပ်နေတဲ့ စိတ်တွေနဲ့ အတူ အိပ်ယာဘေးက ကျမ်းစာအုပ်ကို လှန်လျော လိုက်မိတယ်... မိုးစက်တွေနဲ့ အတူ ရင်မှာအေးလို့ နှစ်သိမ့်ခြင်း ပေးပါတော့ အရှင်ရယ်..... 

ဒီလိုလေး စားရရင်တော့လား
Herolisuguy

No comments:

Post a Comment