Blogger Widgets Blogger Widgets

Pages

Friday, July 19, 2013

မြန်မာနိုင်ငံ လီဆူဓမ္မတက္ကသိုလ်မှ အာဇာနည်နေ့ တွင် ကွင်းဆက် ဆုတောင်းပွဲပြုလုပ်

ဘုရားသခင်၏လမ်းပြ ပို့ဆောင်မှုကြောင့် ၁၉.၇.၂၀၁၃ ရက်တွင် ကျရောက်သော အာဇာနည်နေ့၌ မြန်မာနိုင်ငံ လီဆူဓမ္မတက္ကသိုလ်မှ ကျောင်းဝင်းနေ ဆရာကြီး ဆရာမကြီးများ၊၀န်ထမ်းမိသားစုများ နှင့် ကျောင်းသူ/သား များသည် အထူးဆုတောင်းရာနေ့အဖြစ် သတ်မှတ် ကာ အားပါးတရ ပါဝင်ခဲ့ကြပါသည်။ မနက် (၅)နာရီမှ ညနေ (၃) နာရီအတွင်း တစ်ဦးလျှင် (၁၀)မိနစ်စီကျ အချိန်ယူကာ ဆိတ်ညိမ်စွာဖြင့် ကွင်းဆက် စုပေါင်းဆုတောင်းခြင်း အမှုတော်မြတ်ကိုလည်း ပြုခဲ့ကြပါသည်။အဓိကအားဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်မြို့တွင်း စတင်ကျင်းပပြုလုပ်သွားမည့် ဆရာကြီး Rev. Adoniram Judson ၏ နှစ် (၂၀၀) ပြည့် အောင့်မေ့သတိရ ကျေးဇူးတော်ချီးမွမ်းပွဲတော်ကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ၊ တိုင်းပြည်အတွက် သက်စွန့်ခဲ့ကြသော အာဇာနည်ကြီးများ၏ ကျန်ရစ်သော မိသားစုဝင်များအတွက် ၊
တိုင်းပြည်စည်ပင်တိုးတက်စေရေး စသဖြင့် ခေါင်းစဉ်ေ၇ွးချယ် ဆုတောင်းမှုပြုခဲ့ကြပါသည်။
            ထို့ပြင် မနက် (၁၀)နာရီမှ (၁၂း၃၀) ချိန်အတွင်း ချစ်လှစွာသော သိက္ခာတော်ရဆရာကြီး ဒေါက်တာ မရမ်ခွန်ဆိုင်း (စာရေးဆရာ)မှလည်း အလိုတော်ပြည့်စုံစေသတည်း ခေါင်းစဉ်ဖြင့် သမ္မာကျမ်းစာ ပို့ချပေးခဲ့ပါသည်။
            ထူးခြားချက်မှာ အချို့ ကျောင်းသား/သူများသည် နေ့တစ်ပိုင်းသော်၎င်း ၊ တစ်နေ့တာအားဖြင့်သော်၎င်း အစာရှောင်ဆုတောင်းခြင်းဝတ်ကို ပြုခဲ့ကြကြောင်း အားရကြည်နူးဖွယ် သိရှိရပါသည်။
           ထိုနေ့ က လှုပ်ရှားမှုပုံရိပ်အချို့မှာ.......


ကျောင်းသူ/သားအချို့မှ Praise worship ကို ဦးဆောင် ချီးမွမ်းနေစဉ်











No comments:

Post a Comment