Blogger Widgets Blogger Widgets

Pages

Tuesday, July 2, 2013

အစဉ်အလာကို စိန်ခေါ်ရဲခဲ့တဲ့ ကျောင်းသား (သို့မဟုတ်) 3 idiots ရုပ်ရှင်ဇာတ်ကား


ပညာရေးကို အဓိပ္ပါယ်အသစ် ဖွင့်ဆိုမှုများနဲ့ ရုပ်ရှင်ဇာတ်ကားကြီး…

အစဉ်အလာကို ဆန့်ကျင်ရဲတဲ့ ကျောင်းသားတစ်ဦး …

ဆရာကို သင်ပြနည်းပညာ ပေးရဲတဲ့ ကျောင်းသား …

အောင်မြင်မှုနောက်ကို မလိုက်ဘဲ ၀ါသနာရယ်၊ ကျွမ်းကျင်မှုရယ်နောက်ကိုသာ လိုက်ပြီး အကောင်းဆုံး ကြိုးစား လုပ်ဆောင်ဖို့ သူငယ်ချင်းများကို တိုက်တွန်းခဲ့သူ…

ဟောလိဝုဒ်အကျော်အမော် ဒါရိုက်တာ Steven Spielberg စတီဗင်စပီးဘာ့ခ် ကိုယ်တိုင် ၃ ကြိမ် ကြည့်ရှုခဲ့ပါကြောင်း ၀န်ခံရတဲ့ ရုပ်ရှင်ဇာတ်ကား…

ရာစုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဇာတ်လမ်းအဖြစ် သမိုင်းတွင်ရစ်မယ့် အိန္ဒိယမှာ ၀င်ငွေအများဆုံး ဘောလိဝုဒ်ဇာတ်ကား…

တရုတ်၊ ဟောလိဝုဒ်၊ စပိန်နဲ့ အခြားသော နိုင်ငံများကလည်း ပြန်လည် ရိုက်ကူးနေတဲ့ ဇာတ်ကား…

ဟာသ၊ အချစ်၊ ပညာရေး၊ အလုပ်အကိုင်၊ လူငယ် စွန့်စားခန်း ဒရာမာ…

ကျေးလက်လူထုအတွက် လူမသိ၊ သူမသိ ဖန်တီးခဲ့သူတွေရဲ့ တီထွင်မှုများစွာကိုလည်း လက်တွေ့ အသုံးပြု ပြသထားတဲ့ ဇာတ်ကား..

ကျောင်းပညာကို ချက်ခြင်း အသုံးချတတ်သူ၊ မေးခွန်း မေးတတ်သူ၊ မေးရဲသူ၊ သူငယ်ချင်းအပေါ် အကြင်နာတရားနဲ့ ဆက်ဆံတတ်သူ…

“အချစ်” ဆိုတာကိုလည်း ချစ်သူ သူဌေးသမီး၊ ကောင်မလေးကို အဓိပ္ပါယ်အသစ်တွေ ပြသနိုင်ခဲ့သူ…

အစဉ်အလာကို ပြုပြင်ပြောင်းလဲလိုသူများ၊

မျက်မှောက်ခေတ် ပညာရေး အတွေးအမြင်၊ အကျင့်အကြံများကို ပြုပြင်လိုသူများ….

ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနဲ့ မိဘများအားလုံး ကြည့်ရှုလေ့လာသင့်ပါကြောင်း မောက္ခပညာရေးမဂ္ဂဇင်းက တိုက်တွန်းလိုက်ရပါတယ်။

3 idiots ဇာတ်လမ်းအကျဉ်း …

အင်ဂျင်နီယာအထူးပြု သီးသန့်ကျောင်းသားဘ၀တုန်းက အတူတူတွဲခဲ့ကြတဲ့ သူငယ်ချင်း ၂ ဦးဟာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ သူငယ်ချင်းဖြစ်သူကို ရှာပုံတော်ဖွင့်ခြင်းနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။ ကောလိပ်ကျောင်းသားဘ၀ နေ့ရက်များကို ပြန်ပြောင်း တမ်းတသတိရခြင်းများနဲ့ ဇာတ်လမ်းက ဆွဲခေါ်သွားတာပါတယ်။ အထူးသဖြင့် အစဉ်အလာကို ဆန့်ကျင်ရဲခဲ့သူ… အတွေးအမြင် အသစ်တွေ ပေးခဲ့သူ… ဆရာကိုလည်း ပညာပြန်ပြခဲ့သူ… သူငယ်ချင်းကို အကူအညီ ပေးတတ်ခဲ့သူ… တစ်ကျောင်းလုံးက သူတို့ကို idiots ငမိုက်သားတွေလို့ ကင်ပွန်းတပ်ခြင်း ခံခဲ့ရပေမယ့် မမှု့ခဲ့သူ… ဆင်းရဲတဲ့အတွက် လူစားထိုး ကျောင်းတတ်ရင်း ပထမဆု ရရှိခဲ့သူ… သူတို့ရဲ့ သူငယ်ချင်း Ranchhoddas Shamaldas Chhanchad (သရုပ်ဆောင် Aamir Khan) နဲ့ အတူ ရှိနေခဲ့တဲ့ ကောလိပ်ကျောင်း နေ့ရက်များကို ဖြတ်သန်းပြသပါတယ်။

ပထမအပိုင်းမှာ ဇာတ်ပျိုးရင်း အချိန်ယူထားပေမယ့် ဒုတိယပိုင်းမှာတော့ ဇာတ်ရှိန်မြင့်လာပြီး နောက်ခံသီချင်းများ၊ ဘောလိဝုဒ်စတိုင် ဇာတ်ကွက်များနဲ့ ပရိသတ်ကို ဇာတ်လမ်းဆုံးတဲ့အထိ အသော၊ အလွမ်း၊ ထေ့လုံး၊ ငေါ့လုံးများ၊ ကြည်နူးဖွယ်ရာ ဇာတ်ကွက်များနဲ့ ဆွဲဆောင်ခေါ်ယူ သွားနိုင်ခဲ့ပါတယ်။

ဘာကြောင့် ကမ္ဘာကျော် နေရသလဲဆိုတာကို အောက်မှာ ဆက်လက်ရှုစားတော်မူကြပါ။

မောက္ခပညာရေးမဂ္ဂဇင်း

https://www.facebook.com/photo.php?fbid=437151373049366&set=a.351047714993066.7

No comments:

Post a Comment